





ယူနီကုဒ်ဖြင့်ဖတ်ရန်
အခုလိုအခြေအနေ အိမ်တွင်းအောင်းနေရချိန်မှာ ဝါသနာအပါဆုံးအလုပ်တစ်ခုကလွဲပြီး ဘာမှမလုပ်ချင်တော့ဘူးဆိုတဲ့ နေခြည်ဦး …

Beauty Blogger တစ်ယောက်လည်းဖြစ်၊ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ နေခြည်ဦးက များစွာသော အလုပ်တွေကို လုပ်ကိုင်နေရတဲ့အပြင် beautybynaychi ကုမ္ပဏီကိုလည်း ဦးစီးတည်ထောင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ အခုလို ရောဂါဆိုးတွေ ဖြစ်ပေါ်နေချိန်မှာတော့ နေခြည်ဦးက အိမ်တွင်းပုန်းနေရတာကြောင်းကို အခုလိုပဲ ပြောထားပါတယ်။

နေခြည်ဦးက “ကဲ အိမ်မှာ ဘာတွေလုပ်နေကြလဲသာ ပြောကြပါတော့။ ကိုယ်တွေတော့ အလှပြင်တာကလွဲပြီး ဘာမှမလုပ်ချင်တော့ဘူး ☹️☹️” ဆိုပြီး အိမ်တွင်းပုန်းနေရတဲ့ သူမရဲ့အဖြစ်ကို စိတ်ပျက်လက်ပျက် ပြောထားပါတယ်။

သွားသွားလာလာနဲ့ သွက်သွက်လက်လက်ရှိတဲ့ နေခြည်ဦးအဖို့ အခုလို အိမ်တွင်းအောင်းနေရတာ တော်တော်လေး ပျင်းစရာကောင်းမှာပဲနော်။ Cele Connections ပရိသတ်ကြီးရော အိမ်တွင်းအောင်းပြီး ဘာတွေလုပ်ဖြစ်လဲဆိုတာ ပြောသွားခဲ့ကြပါဦး။

Source: beautybynaychi’s fb

Bilie – Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.