” အခုလက်ရှိမှာ ဖြစ်ပွားနေတဲ့ Covid 19 ကိုကာကွယ်ဖို့ ပုံလေးတစ်ပုံနဲ့ တိုက်တွန်းလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင် “


 

 

 


 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ပရိသတ်ကြီးရေ အဆိုတော်တွေထဲမှာ စိုင်းစိုင်းခမ်းလှိုင်ကတော့ HipHop အဆိုလောကမှာ အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ ထိပ်တန်းရှားရှားပါးပါးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေ အရွယ်မျိုးစုံ အားပေးတဲ့သူတစ်ယာက်ဆိုလည်း မမှားပါဘူးနော်။

ယခုလက်ရှိမှာ ဖြစ်ပွားနေတဲ့ Covid 19 နဲ့ပတ်သက်ပြီး ထိပ်ဆုံးကနေ ပါဝင်ကာ ပရိသတ်တွေကို ဆောင်ရန်ရှောင်ရန်တွေကို နှိုးဆော်နေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လှူဒါန်းမှုအနေနဲ့လည်း ရှေ့ဆုံးကနေအင်တိုက်အားတိုက်လုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်ပြီး အနုပညာရှင်တွေအနေနဲ့ ပြုလုပ်ခဲ့တဲ့ COVID 19 နဲ့ ပတ်သက်တဲ့ CHALLENGING တွေလည်း ပြုလုပ်ကာ ပါဝင်အားဖြည့်နေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မနက်မှာလည်း ” ဘယ်နိုင်ငံက ဆွဲထားတဲ့ပုံလည်း မသိပါဘူး။ဒါပေမယ့် ကျနော်တို့ဆီမှာလည်း အတူတူပါပဲ။ဒီအချိန်မှာ အိမ်ထဲမှာနေပေးနေတဲ့သူတွေဟာလည်း ရောဂါကို ဝိုင်းဝန်းထိန်းချုပ်နေတာပါပဲ။အိမ်ထဲမှာနေနိုင်ဖို့ အပြင်မှာ အလုပ်လုပ်ပေးနေတဲ့ လူတိုင်းကလည်း သူရဲကောင်းတွေပါပဲ။လူတိုင်းက တာဝန်ကိုယ်စီနဲ့ ကာကွယ်နေကြပါတယ်။ကပ်ရောဂါဆိုးကြီးက အမြန်ဆုံးကျော်လွှားနိုင်ပါစေ ” ဆိုတဲ့စာလေးနဲ့ တိုက်တွန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုင်းစိုင်းပြောတဲ့ အချက်တွေကို ထောက်ခံရင် မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : SaiSaiKham Leng

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.