အခက်အခဲဖြစ်နေတဲ့ ဦးဧရာကို ကူညီလိုက်တဲ့ယုန်လေး

Posted on

ပရိသတ်ကြီးရေ အနုပညာလောကမှာ တစတစ ဈေးကွက်ရှားပါးလာတာကြောင့် ရပ်တည်ဖို့ခက်ခဲလာသူတွေထဲမှာ နိုင်ငံကျော်ဟာသလူရွှင်တော်ကြီး ဧရာလည်း အပါအဝင်ပါ ။ ခက်ခဲလှတဲ့ ကျန်းမာရေးပြသနာတွေနဲ့ ကြုံခဲ့ရတဲ့ ဦးဧရာ ကို ပြန်လည်ထူထောင်နိုင်စေဖို့ ယုန်လေးက အကူအညီပေးခဲ့တယ်လို့သိရပါတယ်။

ဧရာ ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ”အဆိုတော် တေးရေးဆရာ
သရုပ်ဆောင် ဒါရိုက်တာ
(ရှည်လိုက်တာ)
ယုံလေးက ဆေးဘိုးငွေ၂၀၀၀၀၀/
နှစ်သိန်းထောက်ပံသွားလေရဲ့
ကျေးဇူးကမ္ဘာပါ ယုံလေးရေ
အနုပညာလောကမှာဒိထက်မက
အောင်မြင်ကျော်ကြား ပါစေဗျာ” လို့ရေးသားထားတာပါ။

ဒါပေမယ့် ယုန်လေူကတော့ ”ထောက်ပံ့တယ်တော့ မဟုတ်ပါဘူးဗျာ .
လွန်ခဲ့တဲ့ နှစ်တွေအကြာကြီးထဲက အတူတူမဟုတ်တာတွေရော ဟုတ်တာတွေရော
လုပ်ခဲ့ကျတဲ့ ညီအစ်ကိုတွေ မတွေ့တာကြာလို့လာတွေ့တာပါ”.ဆိုပြီး ပြန်လည်ရှင်းပြထားတာကိုတွေ့ရပါတယ်။တစ်ဦးကစေတနာ တစ်ဦးကမေတ္တာ ရှိကြတဲ့ အနုပညာ ညီအကိုနှစ်ယောက်အတွက်မှတ်ချက်ပေးခဲ့ကြပါဦး

Source – Yone Lay

Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.