“အခက္အခဲျဖစ္ေနတဲ့ ရုပ္ရွင္စက္အဖြဲ႕သားေတြအတြက္ ဆန္နွင့္ဆီ လွဴဒါန္းခဲ့တဲ့ ကိုေပါက္တို႕ ဇနီးေမာင္နွံ”

ကိုေပါက္ကေတာ့ အႏုပညာေလာကထဲမွာ အရံသ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ စတင္ဝင္ေရာက္လာခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ ႐ိုက္လိုက္တိုင္းမွာ ပရိသတ္ေတြရဲ႕ စိတ္ထဲမွာ တစ္ခုမဟုတ္တစ္ခုက်န္ေအာင္ ႐ိုက္ကူးႏိုင္တဲ့ ဒါ႐ိုက္တာ ကိုေပါက္ျဖစ္လာခဲ့ပါတယ္..။ ကိုေပါက္႐ိုက္ကူးခဲ့တဲ့ ဇာတ္ကားႀကီးေတြထဲ တစ္ကားျဖစ္တဲ့ ပရိသတ္ေတြရဲ႕ ပါးစပ္ဖ်ားမွာ စြဲက်န္ေအာင္ ႐ိုက္ကူးႏိုင္ခဲ့တဲ့ “ဂ်င္းေကာင္”႐ုပ္ရွင္ဇာတ္ကားႀကီးကို ပရိသတ္ေတြ ရင္ႏွီးၿပီးသားျဖစ္မွာပါေနာ္..။ကိုေပါက္ကေတာ့ (၂၀၁၉) ခုႏွစ္မွာ ႐ုံတင္ျပသခဲ့တဲ့ “႐ိုးမေပၚက်တဲ့ မ်က္ရည္”ဇာတ္ကားႀကီးရဲ႕ ပုံေဖာ္သူတစ္ဦးလည္းျဖစ္ပါတယ္.။

 

လက္ရွိမွာ အပ်ိဳေရာင္ည ရုပ္ရွင္ဇာတ္ကားႀကီးကို ရိုက္ကူးေနတဲ့အခ်ိန္ ပ်ံ႕နွံ႕လာတဲ့ ဗိုင္းရပ္စ္ အႏၱာရာယ္ေၾကာင့္ ရိုက္ကူးေရးရပ္နားလိုက္ရလုိ႕ အခက္အခဲျဖစ္သြားရတဲ့ စက္အဖြဲ႕သားေတြအတြက္ ဆန္နဲ႕ဆီ တို႕ကို လွဴဒါန္းခဲ့တဲ့အေၾကာင္ေလးကို “ခ်စ္သူရဲ႕အလွဴ… “အပ်ိဳေရာင္ည”႐ုပ္ရွင္ နားလိုက္ရတဲ့အတြက္ စက္အဖြဲ႕မ်ားအား ဆန္ ႏွင့္ ဆီ ေထာက္ပံ ေပးခဲ့ပါတယ္။ အလုပ္အကိုင္ခက္ခဲၿပီး စားဝတ္ေနေရး မတည္မၿငိမ္ျဖစ္ေနခ်ိန္ ကိုယ္ေနထိုင္ရာပတ္ဝန္းက်င္ရွိ အေျခခံမိသားစုမ်ားအတြက္ ဆန္ လွဴခဲ့ၿပီး အိမ္မွာေနပါတဲ့။ ဒီထက္မက အမ်ားႀကီးလွဴခြင့္ရခ်င္ပါတယ္။ ျမန္မာျပည္သူ ျပည္သားမ်ား က်န္းမာခ်မ္းသာၿပီး ေရာဂါဆိုးႀကီးမွ ေက်ာ္လႊားႏိုင္ၾကပါေစ။ လွဴျဖစ္ရျခင္းအေၾကာင္း (ကို႐ိုနာဗိုင္းရပ္စ္ ပိုးအေျခအေန စိုးရိမ္ရတဲ့အတြက္ ဂန္႔ေဂါမွာ႐ိုက္ေနတဲ့႐ုပ္ရွင္ကိုရပ္ ပစ္ဖို႔ စဥ္းစားရမယ့္ အခ်ိန္ေရာက္လာပါတယ္။ နားလိုက္ရင္ အလုပ္သမားေတြအတြက္ အခက္အခဲျဖစ္မွာကိုလည္း စိုးရိမ္ပါတယ္။ အဲ့ဒါနဲ႔ မန္ေနဂ်ာ ဦးနီကိုအေျခအေနေမးၾကည့္ေတာ့ လက္ရွိအေျခအေနမွာ ရပ္လိုက္ရင္ စက္အဖြဲ႕ေတြႀကိဳတင္ထုပ္ထားေငြ ကမ်ားေန၍ ျပန္ေပးရမယ့္အေျခအေနျဖစ္ ေနတာနဲ႔ ေနာက္ တစ္ဂ်ဴတီထပ္႐ိုက္လိုက္ပါတယ္။

 

 

အဲ့ဒီ တစ္ဂ်ဴတီေၾကာင့္ စက္အဖြဲ႕ေတြဆီက ျပန္မအမ္းရဘဲ အျပန္ခရီးမွာ တစ္ေယာက္ (၅၀၀၀) ပဲရၿပီး ရန္ကုန္ျပန္ၾကရတယ္ၾကားေတာ့ ကြၽန္ေတာ့ရင္ထဲ မေကာင္းခဲ့ဘူး။ တစ္ႏိုင္ငံလုံးရဲ႕ မျဖစ္မေန ေရာဂါ အေျခအေနေၾကာင့္ နားလိုက္ရေပမယ့္ သူတို႔ေတြအတြက္ အလုပ္နားေနရတဲ့အခ်ိန္မွာ တစ္ခုခုလုပ္ေပးခ်င္တဲ့ စိတ္ေတြနဲ႔ ဂန္႔ေဂါကေန ရန္ကုန္ ျပန္ခဲ့ရပါတယ္။ အခုေတာ့ ကြၽန္ေတာ္လွဴခ်င္တဲ့စိတ္ရယ္၊ မိန္းမရဲ႕ေမြးေန႔နဲ႔တိုက္ဆိုင္တာေၾကာင့္ လွဴႏိုင္ခဲ့ပါၿပီ)”ဆုိၿပီး ဆန္နွင္ဆီ ေဝေပးေနတဲ့ သူတို႕ဇနီးေမာင္ႏွံရဲ႕ ပံုရိ္ပ္ေလးေတြနဲ႕အတူ နတ္၊ လူ သာဓုေခၚနိုင္ေအာင္ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။ ပရိသတ္ႀကီးလည္း မြန္ျမတ္တဲ့အလွဴကို လုပ္ခဲ့တဲ့ ကိုေပါက္တို႕ ဇနီးေမာင္နွံအတြက္ သာဓုေခၚသြားေပးၾကပါဦးေနာ္..။

 

 

https://web.facebook.com/koaungmin.naing/videos/10206971051591892/

 

 

Source: Aung Min Naing’s Facebook

ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုပေါက်ကတော့ အနုပညာလောကထဲမှာ အရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ရိုက်လိုက်တိုင်းမှာ ပရိသတ်တွေရဲ့ စိတ်ထဲမှာ တစ်ခုမဟုတ်တစ်ခုကျန်အောင် ရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ ကိုပေါက်ဖြစ်လာခဲ့ပါတယ်..။ ကိုပေါက်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးတွေထဲ တစ်ကားဖြစ်တဲ့ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲကျန်အောင် ရိုက်ကူးနိုင်ခဲ့တဲ့ “ဂျင်းကောင်”ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေ ရင်နှီးပြီးသားဖြစ်မှာပါနော်..။ကိုပေါက်ကတော့ (၂၀၁၉) ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်”ဇာတ်ကားကြီးရဲ့ ပုံဖော်သူတစ်ဦးလည်းဖြစ်ပါတယ်.။

လက်ရှိမှာ အပျိုရောင်ည ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတဲ့အချိန် ပျံ့နှံ့လာတဲ့ ဗိုင်းရပ်စ် အန္တာရာယ်ကြောင့် ရိုက်ကူးရေးရပ်နားလိုက်ရလို့ အခက်အခဲဖြစ်သွားရတဲ့ စက်အဖွဲ့သားတွေအတွက် ဆန်နဲ့ဆီ တို့ကို လှူဒါန်းခဲ့တဲ့အကြောင်လေးကို “ချစ်သူရဲ့အလှူ… “အပျိုရောင်ည”ရုပ်ရှင် နားလိုက်ရတဲ့အတွက် စက်အဖွဲ့များအား ဆန် နှင့် ဆီ ထောက်ပံ ပေးခဲ့ပါတယ်။ အလုပ်အကိုင်ခက်ခဲပြီး စားဝတ်နေရေး မတည်မငြိမ်ဖြစ်နေချိန် ကိုယ်နေထိုင်ရာပတ်ဝန်းကျင်ရှိ အခြေခံမိသားစုများအတွက် ဆန် လှူခဲ့ပြီး အိမ်မှာနေပါတဲ့။ ဒီထက်မက အများကြီးလှူခွင့်ရချင်ပါတယ်။ မြန်မာပြည်သူ ပြည်သားများ ကျန်းမာချမ်းသာပြီး ရောဂါဆိုးကြီးမှ ကျော်လွှားနိုင်ကြပါစေ။ လှူဖြစ်ရခြင်းအကြောင်း (ကိုရိုနာဗိုင်းရပ်စ် ပိုးအခြေအနေ စိုးရိမ်ရတဲ့အတွက် ဂန့်ဂေါမှာရိုက်နေတဲ့ရုပ်ရှင်ကိုရပ် ပစ်ဖို့ စဉ်းစားရမယ့် အချိန်ရောက်လာပါတယ်။ နားလိုက်ရင် အလုပ်သမားတွေအတွက် အခက်အခဲဖြစ်မှာကိုလည်း စိုးရိမ်ပါတယ်။ အဲ့ဒါနဲ့ မန်နေဂျာ ဦးနီကိုအခြေအနေမေးကြည့်တော့ လက်ရှိအခြေအနေမှာ ရပ်လိုက်ရင် စက်အဖွဲ့တွေကြိုတင်ထုပ်ထားငွေ ကများနေ၍ ပြန်ပေးရမယ့်အခြေအနေဖြစ် နေတာနဲ့ နောက် တစ်ဂျူတီထပ်ရိုက်လိုက်ပါတယ်။

အဲ့ဒီ တစ်ဂျူတီကြောင့် စက်အဖွဲ့တွေဆီက ပြန်မအမ်းရဘဲ အပြန်ခရီးမှာ တစ်ယောက် (၅၀၀၀) ပဲရပြီး ရန်ကုန်ပြန်ကြရတယ်ကြားတော့ ကျွန်တော့ရင်ထဲ မကောင်းခဲ့ဘူး။ တစ်နိုင်ငံလုံးရဲ့ မဖြစ်မနေ ရောဂါ အခြေအနေကြောင့် နားလိုက်ရပေမယ့် သူတို့တွေအတွက် အလုပ်နားနေရတဲ့အချိန်မှာ တစ်ခုခုလုပ်ပေးချင်တဲ့ စိတ်တွေနဲ့ ဂန့်ဂေါကနေ ရန်ကုန် ပြန်ခဲ့ရပါတယ်။ အခုတော့ ကျွန်တော်လှူချင်တဲ့စိတ်ရယ်၊ မိန်းမရဲ့မွေးနေ့နဲ့တိုက်ဆိုင်တာကြောင့် လှူနိုင်ခဲ့ပါပြီ)”ဆိုပြီး ဆန်နှင်ဆီ ဝေပေးနေတဲ့ သူတို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေနဲ့အတူ နတ်၊ လူ သာဓုခေါ်နိုင်အောင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ပရိသတ်ကြီးလည်း မွန်မြတ်တဲ့အလှူကို လုပ်ခဲ့တဲ့ ကိုပေါက်တို့ ဇနီးမောင်နှံအတွက် သာဓုခေါ်သွားပေးကြပါဦးနော်..။

 

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.