အင်္ကျီဆင်တူလေးတွေဝတ်ဆင်ပြီး အေးချမ်းတဲ့နေရာလေးမှာ လျှောက်လည်ရင်း စားသောက်ပျော်ရွှင်နေကြတဲ့ ကိုပေါက်တို့မိသားစုလေး

Posted on

ဒါရိုက်တာကိုပေါက်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး ဒါရိုက်တာတစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေကာ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုလေးကိုတည်ဆောက်ထားနိုင်တဲ့ ကိုပေါက်ကတော့ ချစ်စရာကောင်းတဲ့သားလေး၂ယောက်ကို ပိုင်ဆိုင်ထားတာပဲဖြစ်ပြီး အားလပ်တဲ့အချိန်လေးတွေမှာ မိသားစုလေးကို အပြည့်အဝဂရုစိုက်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။

ကိုပေါက်တို့မိသားစုလေးကတော့ ယခုမှာအင်္ကျီဆင်တူလေးတွေဝတ်ဆင်ပြီး အေးချမ်းတဲ့နေရာလေးမှာ လျှောက်လည်ရင်း စားသောက်ပျော်ရွှင်နေကြပါတယ်။ ကိုပေါက်ကတော့ ” မင်္ဂလာပါမိသာစုနဲ့အခုလိုအတူတူ ခရီးထွက်ရခြင်းကဘာနဲ့မှလဲလို့မရတဲ့ ရတနာတစ်ပါးပါ။သား၂ယောက်နဲ့မိန်းမအတွက် အများကြီးကြိုးစားနေပါတယ် “ဆိုပြီး ပျော်ရွှင်နေကြတဲ့ မိသားစုပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

ကိုပေါက်ကတော့ ” မင်္ဂလာပါမိသားစုနဲ့အတူတူ မကြာမကြာခရီးထွက်ပေးပါ။ခရီးထွက်ရင်း အနာဂတ်အကြောင်း မိန်းမနဲ့တိုင်ပင်ပါ။ကားကိုပုံမှန်ဂရုစိုက်မောင်းပါ။ကျန်းမာရေးကို ဂရုစိုက်ပါ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ကိုပေါက်တို့မိသားစုလေးရဲ့ အေးချမ်းတဲ့နေရာလေးမှာလျှောက်လည်ရင်း ပျော်ရွှင်နေတဲ့ချစ်စရာပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ကာ အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source: Aung Min Naing ‘ s Facebook Acc

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.