ဟဲဟိုးလေဆိပ်မှာ အမှတ်မထင်ပြန်ဆုံခဲ့ကြတဲ့ တချိန်က ဒိတ်ဒိတ်ကြဲ မင်းသားနဲ့ မင်းသမီး

Posted on

တချိန်က မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ မင်းသားမင်းသမီးတွေလို့ ဆိုရမယ့် လွင်မိုးနဲ့ နန္ဒာလှိုင်တို့ နှစ်ယောက်ကတော့ ဟဲဟိုးလေဆိပ်မှာ အမှတ်မထင် ဆုံတွေ့ခဲ့ကြရပါတယ်တဲ့။

ဗီဒီယိုဇာတ်ကားပေါင်းများစွာ တွဲဖက်ရိုက်ကူးထားပြီး အောင်မြင်မှုတွေရရှိခဲ့ကြတဲ့အပြင် ယခုအချိန်မှာလည်း မိသားစုဘဝလေးတွေကို ကိုယ်စီတည်ဆောက်ထားနိုင်ကြပြီဖြစ်တဲ့ လွင်မိုးနဲ့နန္ဒာလှိုင်တို့ကတော့ တချိန်တုန်းက လိုက်ဖက်ညီလွန်းလှတဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ နန္ဒာလှိုင်က ညောင်ရွှေကအပြန် ဟဲဟိုးလေဆိပ်မှာ လွင်မိုးနဲ့ အမှတ်မထင်ပြန်လည်ဆုံတွေ့မိလို့ ဝမ်းသာစွာနဲ့ အမှတ်တရ ဓာတ်ပုံလေးရိုက်ကူးထားတာဖြစ်ပါတယ်။

နန္ဒာလှိုင်က သူမအကောင့်မှာ ထိုဓာတ်ပုံလေးကို တင်ထားတာကြောင့် ပရိသတ်တွေကလည်း ယနေ့အချိန်ထိ လှပနေဆဲဖြစ်တဲ့ သူမရဲ့အလှကိုချီးကျူးထောပနာပြုခဲ့ကြပါသေးတယ်။

တချိန်က လွင်မိုးနဲ့ နန္ဒာလှိုင်ဇာတ်ကားဆိုရင် မလွတ်တမ်းအားပေးခဲ့ကြတဲ့ သူတွေရှိကြတယ်မဟုတ်လား ။

Sourc;Celefamily

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.