ဟန်ထူးဈာန် နဲ့အတူ ဘုရားတွေလိုက်ဖူးနေတဲ့ ထိုင်းအလှမယ် ဆွန်ဆွန်

Posted on

မြန်မာပြည်ကပရိသတ်တွေက ချစ်သလို မြန်မာပြည်ကိုလဲ ချစ်တဲ့ ထိုင်းအလှမယ် ဆွန်ဆွန်ဟာ ယနေ့မှာတော့ ရန်ကုန်မြို့တွင်း ဘုရားတွေ လိုက်လံဖူးမျှော်နေပါတယ်။ သူဟာ ရန်ကုန်မြို့ရဲ့ ဗိုလ်တစ်ထောင်ဘုရားကို မြန်မာပြည်ရောက် တိုင်းလာရောက်ဖူး မျှော်လေ့ရှိပြီး သူက ဗိုလ်တစ်ထောင် ဘိုဘိုးကြီးဆီမှာ အမြဲ ဆုတောင်းတယ်လို့လဲ သိရပါတယ်။ သူက ဘိုးဘိုးကြီး ကို မြန်မာပြည်ကို အမြဲလာရပါစေဆိုပြီး ဆုတောင်းတာကြောင့် အလုပ်ကိစ္စနဲ့ မြန်မာပြည်ကို ထပ်မံရောက်ရှိလာခဲ့တာဟာ ၂ကြိမ်တိုင်တိုင်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဆွန်ဆွန်ဟာ မြန်မာပြည်ကို ရောက်ရှိခဲ့တာဟာ ယခုချိန်ထိဆိုရင် ၃ကြိမ်တိုင်တိုင် ရှိနေပြီ ဖြစ်ပါတယ်။ သူက ယခုအခါ ရောက်ရှိခဲ့တာ ကတော့ ရုပ်ရှင်ကားကြီးတစ်ကားအတွက် မြင့်မြတ်နဲ့ အတူရိုက်ကူးဖို့ေ၇ာက်လာခဲ့တာဖြစ်တယ်လို့လဲ သိရပါတယ်။ သူဟာ ယနေ့မှတြော့ ရန်ကုန်မြို့တွင်းလည်ပတ်နေပြီး မကြာခင်မှာတော့ ကလောမြို့ကို ရိုက်ကူးရေးအတွက် သွားရောက်တော့မှာ ဖြစ်တယ်လို့လဲ သိရပါတယ်။

ဟန်ထူးဈာန်ကတော့ ဆွန်ဆွန်ကို ဘုရားလိုက်ပို့နေကြောင်းကို ပုံလေးတွေနဲ့ အတူ “မေယား နည်းနည်း ဝလာတော့ မြန်မာဝတ်စုံ လက်ဆောင်ပေးတာ အင်္ကျီကမတော်တော့လို့ ကရင်ထမီလေးနဲ့ပဲဘုရားဖူး ဗိုလ်တထောင်ဘုရား ဖူးလိုက်ပို့ ပြီးတော့ အခု ရွှေတိဂုံစေတီတော်မြတ် ကိုဖူးမျှော်ဖို့ လိုက်ပို့နေပါပြီခင်ဗျာ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source – Han Htoo Zan
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.