သန္တာဗိုလ်ရဲ့ အချစ်ရေးကိစ္စနဲ့ ပတ်သက်ပြီး မျက်ခုံးလှုပ်နေရတယ်ဆိုတဲ့ ချောရတနာ

Posted on

လက်ရှိအချိန်မှာ အနုပညာအလုပ်တွေကို နားထားပြီး မိသားစုကိုပဲ အချိန်ပေးနေရတဲ့ တစ်ချိန်က အားပေးမှုအခိုင်အမာကို ရရှိထားခဲ့တဲ့ နိုင်ငံကျော်မင်းသမီး ချောရတနာကတော့ညီမဖြစ်သူ သန္တာဗိုလ်က ချစ်သူကို Official ချပြထားတဲ့အတွကိ ပိုပြီးတော့ မျက်ခုံးလှုပ်နေရတယ်လို့ MC ရဲ့အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ညီမဖြစ်သူ သန္တာဗိုလ်က ချစ်သူကို Official ချပြထားတာနဲ့ပတ်သက်ပြီး ချောရတနာက “အဲ့လိုဆိုတော့ ပိုပြီး မျက်ခုံးလှုပ်ရတာပေါ့ သူတိုနှစ်ယောက်အဆင်ပြေပါစေပဲ ဆုတောင်းရမှာပေါ့။ သူတို့အဆင်ပြေဖို့ပဲ အရေးကြီးပါတယ်။သူတို့ အဆင်ပြေရင် ကိုယ်စိတ်ချမ်းသာတယ်။ သူတို့ကိုပြောထားတာတော့ မရှိပါဘူး။ သူတို့အဆင်ပြေရင်ပြီးတာပဲ သူတို့နှစ်ယောက်ပဲ အဓိကပေါ့နော်။”လို့ပြောသွားခဲ့ပါတယ်

အချစ်ရေးနဲ့ ပတ်သက်ပြီး အစ်မဖြစ်သူနဲ့ တိုင်ပင်ဖြစ်လားလို့သန္တာဗိုလ်ကို မေးမြန်းရာ “အချစ်ရေးကကိုယ့်ဘာသာကိုယ်တစ်ယောက်တည်းပဲ ကိုယ့်ဘာသာကိုပဲ ပြန်တိုင်ပင်တာ။ မတိုင်ပင်ဘူး မိသားစုနဲ့ပတ်သက်ပြီးတော့ အချစ်ရေးကတော့လေ အလုပ်ကိစ္စပဲ တိုင်ပင်ဖြစ်တာ များတယ်။”လို့ပြောသွားခဲ့ပါတယ်။

ချောရတနာက “ကိုယ်က အစ်ရတယ် နည်းနည်းလေး နှိုက်ရတယ်စကားတွေကို သိတယ်မလား။”လို့ပြောသွားခဲ့ပါတယ်။ အစ်မဖြစ်သူက တည်ငြိမ်တဲ့ မိသားစုဘဝကို တည်ထောင်ထားတော့ အားကျမိလားလို့ သန္တာဗိုလ်ကို မေးမြန်းရာ “အားကျပါတယ် ဝမ်းသာပါတယ်။”လို့ပြောသွားခဲ့ပါတယ်။

ကောင်းပြည့်နဲ့ ပြက်သွားပြီလို ကောလာဟလ တွေထွက်လာတာနဲ့ ပတ်သက်ပြီး သန္တာဗိုလ်က “ရှင်းတာလည်းမဟုတ်ပါဘူး ဒီအတိုင်းFacebook ပေါ်မှာ နောက်ပြီး တင်လိုက်တဲ့သဘောမျိုးပါ။ မတွေ့တာကြာလို့ပါ သမီးတို့နှစ်ယောက်က ပေါင်းနေတဲ့ သူငယ်ချင်းတွေနဲ့ပဲ အတူသွားကြတာ။ အပြင်ထွက်ရင်လည်း နှစ်ယောက်တည်းသွားတာက နည်းနည်းရှားတယ်ဆိုတော့ တစ်ယောက်တည်းတွေ့ရင် လူတွေက ဘာမှမဟုတ်ဘူး တစ်ယောက်မပါရင် မေးကြရော ဟာပြက်သွားပြီလား ခဏခဏမေးနေတာနဲ့ ဘာရယ်မဟုတ်ဘူး နီစ်ယောက်ပုံတင်ပြီး Facebook မှာလည်း နှစ်ယောက်ပုံတင်တာ ဒီကြားထဲမှာ နည်းနည်းရှားသွားတယ်။ ရှားသွားတော့ အဲ့လိုမျိုး ထင်သွားကြတာ။ ချစ်မြဲချစ်နေဆဲ။”လို့ပြောသွားခဲ့ပါတယ်။

ကောင်းပြည့်အပေါ် ဘယ်လိုမြင်လဲလို့ ချောရတနာကို မေးမြန်းရာ “ကောင်းပြည့်က အေးပါတယ် တကယ်တကယ် အေးပါတယ် သူလည်း ကိုယ့်ညီမကို တကယ်ချစ်ရှာပါတယ်။ အဲ့အတွက်လည်း ဝမ်းသာပါတယ် သူတို့အချစ်တည်မြဲဖို့ပဲ အရေးကြီးတယ်။ ရန်ကတော့ ဖြစ် ဖြစ်ပြီးသွားရင် ချီးခြောက်ရေနှုူးတွေမလုပ်ကြနဲ့ သိတယ်မလား အကောင်းဆုံး ဘယ်လိုရှေ့ဆက်မလဲ ဒါကိုပဲစဉ်းစားကြပေါ့။”လို့ပြောသွားခဲ့ပါတယ်။

ခရက်ဒစ်-H2H

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.