ေမာ္ဒယ္လ္နဲ႔ သ႐ုပ္ေဆာင္ ခင္သဇင္ကေတာ့ ေလယာဥ္မယ္တစ္ေယာက္အျဖစ္ကေန စိုင္းစိုင္းခမ္းလႈိင္ရဲ႕ “အိုး အိုး ေဟာ့တယ္” သီခ်င္းမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့သူ ျဖစ္ပါတယ္။ ခင္သဇင္ကေတာ့ အႏုပညာကို ဝါသနာပါသူပီပီ သူမရဲ႕ အလုပ္ေတြကိုလည္း တစိုက္မတ္မတ္လုပ္ကိုင္ေနသလို တစ္ဖက္မွာလည္း ဘာသာေရးနဲ႔ ကုသိုလ္ေရးကို အခ်ိန္ေပးလုပ္ကိုင္ေနသူေလးတစ္ေယာက္ပါပဲ။ ခင္သဇင္ကေတာ့ ရင့္က်က္သူတစ္ေယာက္ပီပီ အလုပ္ခ်ိန္မွာအလုပ္လုပ္သလို အားတဲ့အခ်ိန္တိုင္းမွာ ဘာသာေရးကိုသာ အာ႐ုံစိုက္တာမို႔ ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးျခင္းကို ခံေနရတာ ျဖစ္ပါတယ္။
ဒီကေန႔မွာေတာ့ ခင္သဇင္က သူမရဲ႕ သြားေလသူမိခင္ႀကီးအတြက္ ရည္စူးၿပီး ေဆာက္လုပ္ထားတဲ့ လွည္းကူၿမိဳ႕နယ္၊ ကမ္းနီးေက်း႐ြာက ဘုန္းႀကီးေက်ာင္းေဆာက္ေလးဆီ ေရာက္ရွိခဲ့တာပဲ ျဖစ္ပါတယ္။ ခင္သဇင္က အေမ့အတြက္ ရည္စူးၿပီးေဆာက္လုပ္ခဲ့တဲ့ ေက်ာင္းေဆာင္ေလးဆီသြားတိုင္း အေမ့ကို ပိုသတိရသလို အေမေရာက္ရာဘုံဘဝကေန သာဓုေခၚႏိုင္ဖို႔လည္း အၿမဲတမ္း အမွ်ေပးေဝေပးေနတာပဲ ျဖစ္ပါတယ္။
ခင္သဇင္ရဲ႕ ေမေမကေတာ့ လြန္ခဲ့တဲ့ (၈) ႏွစ္ေက်ာ္ကတည္းက ကြယ္လြန္သြားခဲ့တာျဖစ္ၿပီး ခင္သဇင္ကလည္း သူမရဲ႕ ေမေမအတြက္ ကုသိုလ္ေတြ အၿမဲတမ္း ျပဳလုပ္ေပးေနတာပဲ ျဖစ္ပါတယ္။ ခင္သဇင္ရဲ႕ ေမေမကလည္း သမီးေလးရဲ႕ ကုသိုလ္ေကာင္းမႈအတြက္ ေကာင္းရာဘုံဘဝကေန သာဓုေခၚဆိုေနမွာ အေသအခ်ာပါပဲ။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Source: Khin Thazin’s fb
Unicode
မော်ဒယ်လ်နဲ့ သရုပ်ဆောင် ခင်သဇင်ကတော့ လေယာဉ်မယ်တစ်ယောက်အဖြစ်ကနေ စိုင်းစိုင်းခမ်းလှိုင်ရဲ့ “အိုး အိုး ဟော့တယ်” သီချင်းမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ ခင်သဇင်ကတော့ အနုပညာကို ဝါသနာပါသူပီပီ သူမရဲ့ အလုပ်တွေကိုလည်း တစိုက်မတ်မတ်လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း ဘာသာရေးနဲ့ ကုသိုလ်ရေးကို အချိန်ပေးလုပ်ကိုင်နေသူလေးတစ်ယောက်ပါပဲ။ ခင်သဇင်ကတော့ ရင့်ကျက်သူတစ်ယောက်ပီပီ အလုပ်ချိန်မှာအလုပ်လုပ်သလို အားတဲ့အချိန်တိုင်းမှာ ဘာသာရေးကိုသာ အာရုံစိုက်တာမို့ ပရိသတ်တွေရဲ့ ချီးကျူးခြင်းကို ခံနေရတာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ခင်သဇင်က သူမရဲ့ သွားလေသူမိခင်ကြီးအတွက် ရည်စူးပြီး ဆောက်လုပ်ထားတဲ့ လှည်းကူမြို့နယ်၊ ကမ်းနီးကျေးရွာက ဘုန်းကြီးကျောင်းဆောက်လေးဆီ ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ခင်သဇင်က အမေ့အတွက် ရည်စူးပြီးဆောက်လုပ်ခဲ့တဲ့ ကျောင်းဆောင်လေးဆီသွားတိုင်း အမေ့ကို ပိုသတိရသလို အမေရောက်ရာဘုံဘဝကနေ သာဓုခေါ်နိုင်ဖို့လည်း အမြဲတမ်း အမျှပေးဝေပေးနေတာပဲ ဖြစ်ပါတယ်။
ခင်သဇင်ရဲ့ မေမေကတော့ လွန်ခဲ့တဲ့ (၈) နှစ်ကျော်ကတည်းက ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ခင်သဇင်ကလည်း သူမရဲ့ မေမေအတွက် ကုသိုလ်တွေ အမြဲတမ်း ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ခင်သဇင်ရဲ့ မေမေကလည်း သမီးလေးရဲ့ ကုသိုလ်ကောင်းမှုအတွက် ကောင်းရာဘုံဘဝကနေ သာဓုခေါ်ဆိုနေမှာ အသေအချာပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Khin Thazin’s fb