အညာဒေသထိ သွားရောက်ရိုက်ကူးနေပြီဖြစ်တဲ့ နိုင်ငံကျော် စာရေးဆရာမ ခင်ခင်ထူးရဲ့ ဝတ်လဲတော် ရွှေပုဆိုး ကို တန်းထိုးလို့ကြို ဝထ္တု မှာ ပါဝင်သရုပ်ဆောင်ကြမယ့် ဒေါင်း နဲ့ ဝတ်မှုန်ရွှေရည်တို့က တော့သက်ဆိုင်ရာ ကာရိုက်တာပီပြင်ဖို့ အညာက ဓလေ့စရိုက်တွေကို ကိုယ်တိုင်ကိုယ်ကျလေ့လာနေကြတာပါ။ရေစကြို နယ်ကို ကြိုတင်ရောက်ရှိနေတဲ့ ကစ်တစ်ကေ် တောင့်တောင့်တင်းတင်း တောသူ ခင်နှောင်းဖြစ်ဖို့ဝိတ်တင်နေတယ်လို့ဆိုပါတယ်။
ဝတ်မှုန်ရွှေရည်က ”ခင်နှောင်းအတွက် ဝိတ်တင်နေတယ် ..ပျော်စရာ ကောင်းလိုက်တာ
ရွာသူ ရွာသားတွေကလည်း အရမ်းကူညီ ပြီး ပြည့်ဝလိုက်ကြတာ
ပိုက်ဆံ ဘယ်လောက်ရှိရှိ လောဘ မောဟ မာန်မာန မရှိ ဘဝကို ရွာထဲမှာ ရိုးသားစွာ ဖြတ်သန်းနေလိုက်ကြတာ
ချစ်လိုက်တာ တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်နှုတ်ဆက်ရတာ လည်း ဓလေ့တဲ့
ရွာထဲ လှည့်ရတာလည်း ခံစားချက်အသစ်
ဒီမယ် ဒီရွာသူဖြစ်ရတာ ကြိုက်တာဆိုအေ…”လို့ တောသံလေးနဲ့ လူမှုကွန်ရက်ပေါ်ကနေရေးသားပြောပြထားတာပါ။ ပရိသတ်ကြီးရောခင်နှောင်းကာရိုက်တာ ပီပြင်ဖို့ ကစ်တစ်ယောက်ဘာတွေပြင်ဖို့လိုအပ်ဦးမလဲ မန့်ခဲ့ကြပါနော်။
Source – Wutt Hmone Shwe Yi
Noe Noe May Ju Ju