တွဲနေရင်းနဲ့ ” ငါ့ကို ချစ်သေးရဲ့လား ” ဆိုတဲ့ သံသယမျိုး မိန်းကလေးတော်တော်များများ ၀င်ဖူးကြမှာပါ။တစ်ခါတလေမှာတော့ စိုးရိမ် စိတ်တွေ သိပ်လွန်ကဲ လွန်းပြီး နေရာတကာ သံသယတွေနဲ့ လိုက်ကြည့် နေတာ ကလည်း မေ ကာင်းသလို၊တစ်ရာရာခိုင်နှုန်းမျက်စိ စုံမှိတ်ယုံလိုက်တာမျိုးကိုလည်း အားမပေး ချင်ပါဘူး။
တကယ်ကတော့ လူတစ်ယောက်ကို ကိုယ့်အပေါ် တကယ်ချစ်၊ မချစ် က ကိုယ့်ကိုယ်ကို မညာပဲ ကြည့်ရင် သိနိုင်ပါတယ်။
မသိဘူးဆိုပြီး ဝေခွဲ ရခက် တယ်ဆိုတာ အမှန်အတိုင်း မြင်အောင် မကြည့်လို့ပါ။” ချစ်သေးရဲ့လား ..?” လို့ သံသယ၀င်နေရင်တော့ ဒီအချက်လေးတွေနဲ့ တိုက်ကြည့်ပါ။အကုန်နီးပါး တူေ နရင်တော့ သင့်ရဲ့ Rs က မီးနီပြနေပြီလို့ ပြောလို့ရပါတယ်။
(၁)တစ်ယောက်တည်း နေချင်တယ်လို့ ပြောလာမယ်
အရင်တုန်းကတော့ မခွဲတစ်တွဲတွဲ နေလာရာကနေ ရုတ်တရက် ကြီး သီး သန့်နေချင်တယ်၊တစ်ယောက်တည်း အေးဆေးနေချင်တယ်လို့ ပြော လာပြီ လား..?ဒါဆိုရင်တော့ သူ့မှာ တစ်ခုခု အဆင်မပြေတာ၊စိတ်ညစ်စရာ ကိစ္စရှိ၊ မရှိစုံစမ်းကြည့်ပါ။အဲ့လိုမှ မဟုတ်ရင်တော့ ဒါဟာ သူသင့်ကို ရှောင်ဖယ် ချင်လာတဲ့ သဘောပါ။
သင့်အနားမှာ နေရတာ သူအရင်လို မပျော်တော့ ဘူးဆိုတဲ့ သဘောပါ။
(၂)တခြားကောင်မလေးတွေနဲ့ နှိုင်းယှဉ်ပြောလာတာမျိုး..
ဘယ်သူဆိုရင် မင်းလို မဟုတ်ဘူး… ဒီလို စကားတွေ မကြာခဏ ပြော လာပြီ ဆိုရင်တော့ ဒါသိပ်မကောင်းတဲ့ လက္ခဏာပါ။တခြား ကောင်မလေး တွေနဲ့ မကြာခဏ နှိုင်းယှဉ်ပြောလာပြိး သင့်က အဲ့ဒီကောင်မလေး တွေလောက် မလှဘူး၊မတော်ဘူး၊ဘာလို့ ဒီကောင်မလေး ၀တ်သလို မ၀တ်တာလဲ၊ သူဆိုရင် စကားပြောဘယ်လိုကောင်းတာ၊အနေအထိုင်က ဘယ်လို ဆိုပြီး… နှိုင်းယှ ဉ်ပြောလာပြီဆိုရင်တော့ သူ့ရဲ့ အချစ်တွေက သင့်ဆီမှာ မရှိတော့ ဘူးဆိုတာကို ပြနေတဲ့ Sign ပါ။
(၃)msg လေးတစ်စောင်ပြန်ဖို့ အရမ်းကြာနေတာမျိုး..
fb ပဲဖြစ်ဖြစ် Ph နဲ့ပဲ ဖြစ်ဖြစ် ကိုယ့်ဘက်က msg ပို့တာမျိုးကို တစ်စောင် လေြး ပန်ဖို့ အရေး တစ်နာရီလောက် စောင့်နေရရင်တော့ သိပ်မကောင်းတော့ပါ ဘူး။ fb ပေါ်မှာဆိုရင် ပိုသိသာပါတယ်။ seen လို့ပြနေရဲ့နဲ့ msg လေး ပြန်ဖို့ အရေး သိပ်ကြာနေရင်တော့ အချစ်တွေပေါ့လာပြီ(သို့)ရှိကို မရှိတော့တဲ့ သဘောပါ။ တစ်ချို့ကကျတော့ msg တော့ ပြန်ပါရဲ့။စကားလုံးတွေက တိုလွန်း ပြတ် လွန်းပြီး yes or no လောက်ပဲ ဖြစ်နေရင်လည်း သူ့အချစ်တွေ ပေါ့လာပြီဆိုတာကို ပြနေတာပါ။
(၄)တစ်ကိုယ်ကောင်း ဆန်လာတာ
သူ့အတွက်ပဲ သူကြည့်ပြီး တစ်ကိုယ်ကောင်း ဆန်လာတာမျိုးပါ။အရင်က ဒီလို လူမျိုး မဟုတ်ခဲ့ပဲ ရုတ်တရက်ကြီး တဖြည်းဖြည်းနဲ့ သူ့အတွက်ပဲ သူကြည့်ပြီး တစ်ကိုယ်ကောင်းဆန်လာတာမျိုးပါ။သင်နဲ့ပတ်သက်တဲ့ Rs အပေါ် စိတ်ဝင်စား မှုမရှိတော့ပဲ သူ့အတွက် တခြားအရာတွေကိုပဲ ဦးစားပေးလာမယ်၊
သင်ဘယ်လို မြင်လဲဆိုတာကို မေးလည်း မမေး၊စိတ်လည်း မ၀င်စားတော့တာ၊ဥပမာ- ဆိုင် ထိုင်ရင် သင်ဘာစားချင်လဲဆိုတာထက် သူစားချင်တာကိုပဲ သူစားလာ တာမျိုး၊ ချိန်းတွေ့ရင်တောင် သူကြိုက်တဲ့ နေရာကိုပဲ ရွေးပြီး တွေ့တာမျိုးပါ.
(၅) သင့်ရဲ့အမူအကျင့်တွေကို အပြစ်မြင်လာတာသင်နဲ့ တွေ့တဲ့ အချိန်တိုင်းမှာ တစ်ခုခုဆိုရင် ဘာရယ်လို့အကြောင်းအရင်း တစ်စုံ တစ်ရာ မရှိပဲ ဒေါသထွက် လွယ်တာမျိုးကလည်း သင့်အပေါ် သူစိတ်ကုန်လာပြီ ဆိုတာကို ပြနေတာပါ။ဒါကြောင့်လည်း စိတ်တွေက မကြည်လင်တော့ပဲ မဲမိမဲ ရာကို မဲနေတာပါ။
တစ်ချိန်တုန်းကတော့ သင့်ကို သင်ဖြစ်နေလို့ ချစ်ခဲ့ ပါတယ် ဆိုရာကနေ တဖြည်းဖြည်း သင့်ရဲ့ အမူအကျင့်တွေကို အပြစ်မြင်လာတာမျိုး ကလည်း သူ.မချစ်တော့ ဘူးဆိုတာကို ပြနေတာပါ။
အရင်တုန်းက သူ့အတွက် ဒီအတိုင်းနားလည်ပေးလာခဲ့တဲ့ တစ်ချို့ အကျင့်စရိုက်တွေကို မနှစ်သက်တော့ ပဲ ပြဿနာမရှိတာကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပြဿနာရှာလာရင်လည်း သူ့အ ချစ်တွေ သင့်ဆီမှာ မရှိတော့ဘူးဆိုတာကို ပြနေတာပါ။
Ref;pairedlife