သူ့ရဲ့နာမည်နဲ့ပုံရိပ်ကို အသုံးပြုပြီး နိုင်ငံရေးပါတီတံဆိပ်တွေမျိုးစုံနဲ့ ပရိသတ်အထင်အမြင်လွဲအောင် ပြုလုပ်ခံနေရတဲ့ ဖြိုးပြည့်စုံ

Posted on

အဆိုတော် ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဖြိုးပြည့်စုံကတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေ ပရိသတ်အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။ ဖြိုးပြည့်စုံက ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ကိုက်ညီတဲ့ အလွမ်းအဆွေးသီချင်းလေးတွေကို သီဆိုရင်း သူ့ရဲ့ သီချင်းတွေအားလုံးက လူကြီး လူငယ်ပရိသတ်တွေမရွေး ကြိုက်နှစ်သက်အားပေးခြင်းခံရတာပဲ ဖြစ်ပါတယ်။ လူအာရုံစိုက်ခံရတဲ့ အဆိုတော်တစ်ယောက်ပီပီ ဒီကနေ့မှာတော့ ဖြိုးပြည့်စုံက နိုင်ငံရေးပါတီတံဆိပ်တွေမျိုးစုံနဲ့ ပရိသတ်အထင်အမြင်လွဲအောင် ပြုလုပ်ခံနေရတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။

“Page အတု ပျက်သွားပြီ ထင်တာ။ Unpublish လုပ်ထားတယ်ဆိုတာ ဒီမနက်မှ သိရပြန်ပါတယ်.။ နောက်ထပ် ပါတီ တစ်ခုပြောင်းသွားပြန်ပါပြီ။ ပါတီစုံ အားပေးသော အကောင့်တု page ကို သတိရတဲ့ ချိန်လေး report ပေးကြပါဦး။ Page အတု admin ကို ဒါလေးတော့ပြောချင်မိပါတယ်။ ကိုယ်နှစ်သက်ရာကို ထောက်ခံ အားပေးနိုင်ပါတယ်။ ကိုယ်ပုံ ကိုယ် နာမည် အစစ်မှန်နဲ့တော့ဖြစ်သင့်ပါကြောင်း (P.S. အားလုံး ကို စိတ်အနှောက်ယှက်ဖြစ်စေခဲ့ရင် ခွင့်လွှတ်ပါ ခင်ဗျာ)” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ဖြိုးပြည့်စုံကတော့ သူ့ရဲ့ နာမည်နဲ့ ပုံရိပ်ကို အသုံးပြုပြီး ပရိသတ်တွေ ဇဝေဇဝါဖြစ်စေနိုင်တဲ့အကြောင်းအရာကို ရှင်းလင်းပြောဆိုလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Phyo Pyae Sone’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.