သူ႔မ်က္ႏွာသူၾကည့္ၿပီး မပီတပီနဲ႔ေျပာလိုက္တဲ့ ခ်စ္သမီးရဲ႕စကားတစ္ခြန္းေၾကာင့္ သေဘာ က်ေနရတဲ့ စႏၵီျမင့္လြင္ရဲ႕ ဗီဒီယို

Posted on

ပရိသတ္ေတြခ်စ္ၾကတဲ့ စႏၵီျမင့္လြင္ က အဆိုပိုင္းမွာသာမက သ႐ုပ္ေဆာင္ပိုင္းမွာပါ ထူးခြၽန္ေအာင္ျမင္သူေလးျဖစ္ၿပီး အဘက္ဘ က္ကေန ျပည့္စုံသူေလးတစ္ေယာက္ျဖစ္ပါတယ္။ စႏၵီျမင့္လြင္က ၿပီးခဲ့တဲ့ (၂၀၁၈) ခုႏွစ္ မတ္လအတြင္းမွာ ကိုသီဟလြင္နဲ႔ လက္ထပ္ခဲ့ၿပီး အခုဆိုရင္ ခ်စ္စရာေကာင္းတဲ့ သမီးေလးတစ္ေယာက္ကို ေမြးဖြားထားတဲ့ မိခင္တစ္ဦးျဖစ္ေနပါၿပီ။ စႏၵီျမင့္လြင္ရဲ႕ သမီးေလး ထရက္ရွာကလည္း ေမေမနဲ႔တူၿပီး အၿမဲတမ္း ႏႈတ္ခမ္းေလးေထာ္ၿပီး အသည္းယားစရာ အမူအယာေလးေတြလုပ္တတ္တာမို႔ ပရိသတ္ေတြက သည္းသည္းလႈပ္ခ်စ္ေနရတာပဲ ျဖစ္ပါတယ္။

တစ္ေန႔တစ္ျခား အ႐ြယ္ေရာက္လာခဲ့ၿပီး အခုဆိုရင္ တစ္ႏွစ္ေက်ာ္ၾကာၿပီျဖစ္တဲ့ ထရက္ရွာေလးကေတာ့ ေဖေဖနဲ႔ေမေမကို အသည္းယားေအာင္ ဟန္ပန္အမူအယာေတြျပဳုလုပ္တတ္တဲ့အျပင္ စကားေတြလည္း တီတီတာတာေျပာတတ္ေနၿပီပဲ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း စႏၵီျမင့္လြင္က “သူ႔ပုံသူၾကည့္ပီးထရက္ရွာတဲ့😆…” ဆိုၿပီး သူ႔မ်က္ႏွာသူၾကည့္ၿပီး မပီတပီနဲ႔ေျပာလိုက္တဲ့ ခ်စ္သမီးရဲ႕စကားတစ္ခြန္းေၾကာင့္ သေဘာက်ေနတာပဲ ျဖစ္ပါတယ္။

ထရက္ရွာေလးကေတာ့ ပရိသတ္ေတြ မခ်စ္ပဲမေနႏိုင္ေအာင္ တစ္ေန႔တစ္ျခားကို ပိုပိုၿပီး ခ်စ္စရာေကာင္းလာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ထရက္ရွာေလးရဲ႕ ဗီဒီယိုေလးကိုၾကည့္ၿပီး အသည္းယားေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Sandy Myint Lwin’s fb

Unicode

ပရိသတ်တွေချစ်ကြတဲ့ စန္ဒီမြင့်လွင် က အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်အောင်မြင်သူလေးဖြစ်ပြီး အဘက်ဘက်ကနေ ပြည့်စုံသူလေးတစ်ယောက်ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် မတ်လအတွင်းမှာ ကိုသီဟလွင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို မွေးဖွားထားတဲ့ မိခင်တစ်ဦးဖြစ်နေပါပြီ။ စန္ဒီမြင့်လွင်ရဲ့ သမီးလေး ထရက်ရှာကလည်း မေမေနဲ့တူပြီး အမြဲတမ်း နှုတ်ခမ်းလေးထော်ပြီး အသည်းယားစရာ အမူအယာလေးတွေလုပ်တတ်တာမို့ ပရိသတ်တွေက သည်းသည်းလှုပ်ချစ်နေရတာပဲ ဖြစ်ပါတယ်။

တစ်နေ့တစ်ခြား အရွယ်ရောက်လာခဲ့ပြီး အခုဆိုရင် တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ ထရက်ရှာလေးကတော့ ဖေဖေနဲ့မေမေကို အသည်းယားအောင် ဟန်ပန်အမူအယာတွေပြုုလုပ်တတ်တဲ့အပြင် စကားတွေလည်း တီတီတာတာပြောတတ်နေပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း စန္ဒီမြင့်လွင်က “သူ့ပုံသူကြည့်ပီးထရက်ရှာတဲ့😆…” ဆိုပြီး သူ့မျက်နှာသူကြည့်ပြီး မပီတပီနဲ့ပြောလိုက်တဲ့ ချစ်သမီးရဲ့စကားတစ်ခွန်းကြောင့် သဘောကျနေတာပဲ ဖြစ်ပါတယ်။

ထရက်ရှာလေးကတော့ ပရိသတ်တွေ မချစ်ပဲမနေနိုင်အောင် တစ်နေ့တစ်ခြားကို ပိုပိုပြီး ချစ်စရာကောင်းလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထရက်ရှာလေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အသည်းယားနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Sandy Myint Lwin’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.