သူ့အိမ်မှာငှားရမ်းနေထိုင်သူတွေကို အိမ်လခလျှော့ပေးပြီး ဆန်၊ ဆီနဲ့ ခေါက်ဆွဲခြောက်တွေ ဝေငှခဲ့တဲ့ ဇေရဲထက်


 

 

 


 

 

 


 

 

Source: Zay Ye Htet’s fb

ယူနီကုဒ်ဖြင့်ဖတ်ရန်

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဇေရဲထက်က သူ့ရင်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဇေရဲထက်ရဲ့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေကို အားပေးရုံသာမက အပြင်လက်တွေ့ဘဝက သူ့ရဲ့ နေထိုင်မှုပုံစံကိုပါ စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်။

ဇေရဲထက်က ကပ်ရောဂါဆိုးကြောင့် အကုန်လုံးကြပ်တည်းနေကြချိန်မှာ သူ့အိမ်ကို ငှားရမ်းနေထိုင်တဲ့ မိသားစုတွေကို အိမ်ငှားခတွေ လျှော့ပေးခြင်း၊ ဆန်တစ်အိတ်၊ ဆီတစ်ပုံး နဲ့ ခေါက်ဆွဲခြောက်တစ်ဖာစီ ဝေငှပေးခဲ့တယ်လို့ သိရပါတယ်။

ဇေရဲထက်ကတော့ မြန်မာလူမျိုးပီပီ ခက်ခဲနေသူကို ကူညီဖေးမချင်စိတ်အပြည့်အဝရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဇေရဲထက်ရဲ့ ကုသိုလ်လေးကို သာဓုခေါ်ပေးကြပါဦးနော်။

Source: Zay Ye Htet’s fb

 

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.