” သူဌေးတစ်ယောက်ဖြစ်ပေမယ့်လည်း ဟိတ်ဟန်မရှိဘဲ သာမန်လူတွေလိုသာနေထိုင်ကြောင်း သက်သေနဲ့တကွရိုးသားစွာပြန်ပြောလာတဲ့နန္ဒာလှိုင်ရဲ့ခင်ပွန်းဦးဇေသီဟ”

Posted on




Source : Zay Thiha

unicode

ပရိသတ်ကြီးရေဦးဇေသီဟကတော့ ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်ဖြစ်ခဲ့တဲ့နိုင်ငံကျော် မင်းသမီးနန္ဒါလှိုင်ရဲ့အမျိုးသားပဲ ဖြစ်ပါတယ်။ သမီးလေး (၃) ယောက်ကိုပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝျလးကို နန္ဒါလှိုင်နဲ့အတူဖြတ်သန်းနေတာပါ။

နန္ဒါလှိုင်ရဲ့မောင်ဖြစ်သူ သရုပ်ဆောင်မောင်နဲ့လည်း သမီးယောက်ဖဆိုပေမယ့် ညီအစ်ကိုအရင်းသဖွယ်ချစ်ခင်စနောက်လေ့ရှိသူပါ။ယောက်ဖဖြစ်သူကိုအမျိုးမျိုးစနောက်ကာ ဆေးထိုးလေ့ရှိသူလည်းဖြစ်ပါတယ်။အမြဲပျော်ပျော်နေတတ်တဲ့သူဆိုလည်းမမှားပါဘူး။

လက်ရှိမှာတော့” သူဌေးတွေဘဝ ညတိုင်းလသာရအောင် ရုပ်ရှင်ရိုက်နေတာမှမဟုတ်တာ။”ဆိုတဲ့စာလေးနဲ့ သူ့ရဲ့ရိုးရှင်းတဲ့ညစာလေးကို ပုံတင်ကာပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာပါ။ အမြဲဟိတ်ဟန်မရှိဘဲ ဝန်ထမ်းတွေအပေါ်လည်း သေချာအုပ်ချုပ်တတ်ကြောင်းကို သူ့ရဲ့ အတွေ့အကြုံတွေပြောပြထားတဲ့ ပိုစ့်တွေကိုဖတ်ရင်သိနိုင်ပါတယ်နော်။ နန္ဒါလှိုင်ကတော့ ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားတဲ့ ကံကောင်းတဲ့အမျိုးသမီးတစ်လက်ပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Zay Thiha

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.