သူရှာသမျှ ငွေကြေးတွေထဲကပဲ ချစ်ရတဲ့ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားမယ်ဆိုတဲ့ မိုးမို
Posted on
ကိုယ်တိုင်ရေးစပ်ပြီးကိုယ်တိုင်သီဆိုလေ့ရှိတဲ့ အဆိုတော်မိုးမိုးကို ပရိသတ်တွေနဲ့ အထူးတလည် မိတ်ဆ်ကပေးဖို့ မလိုလောက်ဘူးထင်ပါတယ်။ မိုးမိုးကတော့ ဂီတပိုင်းသာမက သရုပ်ဆောင်ပိုင်းမှာလည်း ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်တတ်တဲ့သူတစ်ဦးပါပဲနော်။ သူရဲ့ ထွက်ရှိထားသမျှ သီချင်းတိုင်းဟာဆိုရင် လူငယ်ပရိသတ်တွေကြားမှာ အခုချိန်ထိ ရေပန်းစားအောင်မြင်နေတာပဲဖြစ်ပါတယ်။မိုးမိုးက ကိုဗစ်ကာလအတွင်းဖျော်ဖြေရေးပွဲတွေရပ်နားထားချိန်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးတစ်ခုကို လုပ်ကိုင်ဆောင်ရွက်နေတာကိုလည်းတွေ့ရမှာပါပဲနော်။ ဒီနေ့မှာတော့ အနုပညာလုပ်ငန်းတွေနဲ့ပတ်သက်ပြီး
မိုးမိုးက”အနုပညာ ဆိုတာ လိပ်ပြာသန့်မှ စိတ်ချမ်းသာစွာ လုပ်နိုင်တာ အနုပညာ သမား ဆိုတာလဲပေါ့ပါးလွတ်လပ်နေမှ ပျံသန်းနိုင်တာ ဘယ်တော့မှ အရောင်မဆိုးဘူး။တံဆိပ် မကပ်ဘူး။မကျေနပ်ရင် အားမပေးပါနဲ့အနှစ် (၂၀) နီးပါး ယနေ့ထက်တိုင် အနုပညာကို ရိုးသားစွာတင်ဆက်တယ်၊အရိုးရှင်းဆုံး ဖန်တီးပျော်မွေ့တယ်၊ပိုက်ဆံမရရင်လဲ ကောင်းရောင်းကောင်းဝယ်လုပ်စားရင်း ရတဲ့ဝင်ငွေနဲအနုပညာဆက်လုပ်မှာပဲအမုန်းတရားတွေနဲ့ လဲလှယ်ရတဲ့ ပိုက်ဆံမယူခဲ့ဖူးဘူး။ ယူဖို့ အစီအစဉ်လဲ မရှိဘူး။အနုပညာကို ရိုးရိုးလေးချစ်သူပါ၊အထူးသဖြင့် သီချင်းလေးတွေကိုပျော်ပျော်ပါးပါးလေးပဲ မြတ်နိုး
တတ်သူပါ လိပ်ပြာသန့်သန့်လေး ချစ်ရတဲ့ အနုပညာပါ ဘယ်တော့မှ အရောင်မဆိုးဘူး တချို့ သဘောပေါက်စေချင်”လို့ဆိုပြီး သူရဲ့ခံစားချက်တွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။မိုးမိုးရဲ့ အနုပညာကို ရိုးရိုးသားသားနဲ့ ချစ်တယ်ဆိုတဲ့ စိတ်ဓာတ်ရှိကြောင်းကို ပရိသတ်တွေအတွက် ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source…Moe Moe’s Facebook
zawgyi
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.