” သူမမေမေပေးထားတဲ့ ထူးခြားတဲ့ နာမည်လေးကို ချစ်ရတဒ့ပရိသတ်တွေကိုအရွှန်းဖောက်ပြောပြလာတဲ့ပန်ကိတ်ဒါဒါ”

Posted on




Source :YaminOo

unicode
ပရိသတ်ကြီးရေ ပန်ကိတ်ဒါဒါကတော့ အနုပညာသမားတစ်ယောက်မဟုတ်ပေမယ့် ကောင်းမွန်တဲ့ အတွေးအခေါ်တွေ ပညာရေးစတဲ့ အရေးအသားလေးတွေနဲ့ ပရိသတ်တွေကို အတွေ့အကြုံသစ်တွေ အမြဲမျှဝေတတ်တဲ့ဆယ်လီတစ်ဦးပါပဲနော်။ မိဘတွေရဲ့သွန်သင်ဆုံးမမှုအောက်မှာ လိမ္မာစွာကြီးပြင်းလာတဲ့ အမျိုးကောင်းသမီးလေးဖြစ်တဲ့အပြင် ပျော်ရွှင်နွေးထွေးတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားသူလေးပါ။

နိုင်ငံခြားမှာနေထိုင်နေတဲ့ မြန်မာတစ်ယောက်ဖြစ်ပေမယ့် အမိမြန်မာနိုင်ငံကို အရမ်းချစ်ကာတန်ဖိုးထားတတ်တဲ့သူတစ်ယောက် ဖြစ်ပြီး အားလပ်ရက်အချိန်တွေမှာလည်း မြန်မာနိုင်ငံကိုပြန်လာလည်ပတ်တတ်တဲ့သူတစ်ယောက်ပါ။ သူမအနေနဲ့ ဒီတစ်ခေါက်မြန်မာနိုင်ငံကိုပြန်လာချိန်မှာလည်း ကြော်ငြာလေးတွေရိုက်ကူးဖြစ်ခဲ့တဲ့အပြင် သူမရဲ့ချစ်တဲ့ Fan တွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

အမြဲပျော်ပျော်နေတတ်တဲ့ ပန်ကိတ်လေးကတော့ ” ကိုယ့်ဘာသာပိုက်ဆံရှာလိုက်ကိုယ့်ဘာသာဖြုန်းလိုက်နဲ့အမေက “ချစ်စနိုး” နဲ့ရှမ်း-ကိုရီးယား နာမည်လေးမှည့်ထားပေးတယ်။ “နန်းရှာဖြုန်း” တဲ့ ဆိုတဲ့စာလေးနဲ့သူမမေမေပေးထားတဲ့ နာမည်လေးကို အရွှန်းဖောက်ပြောပြခဲ့တာပါ။ ပရိသတ်တွေကတော့ ပန်ကိတ်မေမေရဲ့နာမည်ပေးတတ်တဲ့အရည်အချင်းကို စနောက်ကာချီးကျူးနေကြတာပါ။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source :YaminOo

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.