” သူမအင်္ကျီ အထည် (၂၀၀) ကို လက်ဆောင်ပေးဖို့ စီစဉ်နေတဲ့ မိုးယုစံ “
Source – Moe Yu San
ယူနီကုဒ်ဖြင့်ဖတ်ရန်
ပရိသတ်ကြီးရေ မိုးယုစံကတော့ ကလေးအမေလို့မထင်ရလောက်အောင် နုပျိုလှပနေတဲ့ မင်းသမီးတစ်လက်ပါပဲနော်။ ထူးခြားတဲ့မျက်နှာပေါက်လေးနဲ့ ယောကျာ်းလေးပရိသတ်တွေအထူးအားပေးခဲ့ရတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အိမ်ထောင်ကျပြီးနောက်မှာ အနုပညာအလုပ်တွေကို ခေတ္တရပ်နားခဲ့ကာ အခုချိန်မှာတော့ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။
အလှူအတန်းရက်ရောလွန်းတဲ့ မိုးယုစံကတော့ ဒီနေ့မှာ သူမရဲက ပရိသတ်တွေကို ” ဒီည live မှာ နာမည်လေးတွေရွေးပေးမယ်နော် တစ်ထုတ်မှာ(၂ )ထည်နဲ့ အထုတ်၁၀၀ လက်ဆောင်ပေးပါမယ် တစ်ခါပဲဝတ်ထားတာ တချို့တခါမှမဝတ်ရ‌သေးဘူး တံဆိပ်တောင်မဖြုတ်ရသေးတာတောင်ပါတယ် အကျီတွေကတော့ ဗမာအကျီ ဂါဝန် free styleအစုံမို့ရွေးလို့တော့မရဘူးနော်။ တော် မတော်ကတော့ကံပေါ့ သန့်ရှင်းရေးမလုပ်ပေးနိုင်တာတော့ နားလည်‌ပေးပါနော်။ ”
” အထည်(၂၀၀)ကို မိုးယုကိုယ်တိုင်ပုံးတွေမ ရှာ ခေါက်ထည့်ရတာနဲ့တင် ခုခါးတွေနာနေတာ ရရင်လည်းတန်ဖိုးထားပေးပါနော် ။ မိုးယုကိုလည်းတကယ်ချစ်ခင်ပီး အကျီလည်းတကယ်လိုအပ်တဲ့သူပဲ လာပါနော် ယူချင်တဲ့သူအကုန်လုံးပေးချင်ပေမဲ့ အကန့်အသတ်နဲ့မို့ပါ မိုးယုကိုလည် အမြဲချစ်ခင်ပေးပါလို့ liveဆိုလွှင့်ခဲတာ ညစကားတွေပြောရင်းဆုံမယ်နော် သိချင်တာရှိလည်းမေး‌လို့ရပါတယ်လို့ see u tonight 7pm ” ဆိုတဲ့ စာလေးနဲ့အတူ ကိုယ်တိုင် အဝတ်တွေထည့်နေတဲ့ ပုံရိပ်လေးနဲ့ ဝေမျှလာတာပါ။ ပရိသတ်ကြီးထဲမှာလည်း မိုးယုပရိသတ်တွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။
Source – Moe Yu San
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.