“သူမရဲ့ ငယ်ဘဝအမှတ်တရအဖိုးတန် ရတနာလေးတွေကို ပရိသတ်တွေအတွက် ချပြလာတဲ့ စိုးပြည့်သဇင်’

Posted on

ပရိသတ်ကြီးရေ ချစ်ရာကောင်းပြီး ရိုးအေးသူလေး အကယ်ဒမီ မင်းသမီး စိုးပြည့်သဇင်ကိုတော့ ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ စိုးပြည့်လေးကတော့ ဆယ်ကျော်သက် အရွယ်လေးမှာတင် အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ပြီး ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ အကယ်ဒမီမင်းသမီးတစ်လက်ပဲဖြစ်ပါတယ်.။ ရိုးရှင်းပြီး အိမ်မှုကိစ္စနဲ့ သင်လို့ရတဲ့ ပညာမှန်သမျှကို မိဘနဲ့ အစ်မဖြစ်သူတွေဆီကနေ သင်ယူလေ့လာတတ်သူလေးပါ.။

စိုးပြည့်လေးကတော့ အနုပညာပိုင်းမှာလည်း ပြောစရာမလိုအောင် အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေ စိတ်မပျက်ရအောင် သရုပ်ဆောင်နိုင်ပြီး တည်ငြိမ်ရင့်ကျက်စွာ နေထိုင်တတ်လို့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူလေးလို့ ဆိုရင်မှားမယ် မထင်ပါဘူးနော်.။ ဒီနေ့ ဇူလိုင်လ (၁၆)ရက်နေ့မှာတော့ စိုးပြည့်လေးက သူမရဲ့ ကလေးဘဝအမှတ်တရရတနာလေးတွေကို ချပြကာ “ငယ်ငယ်တုန်းက အရမ်းမက်မောခဲ့တဲ့ အရာလေးတွေ….ငယ်ဘဝလေးပြန်တောင်သတိရသွားတယ်….”ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

အရုပ်မလေးတွေ အဝတ်ဆင်တဲ့ ကစားနည်း၊ ဆေးပူဖောင်းလေးတွေနဲ့ ရိုးရှင်းစွာ ဆော့ကစားပြီး ပျော်ခဲ့ရတဲ့ ကလေးဘဝအမှတ်တရလေးတွေကို ကြည့်ပြီး စိုးပြည့်လေးကတော့ ငယ်ဘဝအအမှတ်တရလေးတွေကို သတိရကာ ပျော်ရွှင်နေတဲ့ပုံပါပဲနော်..ပရိသတ်ကြီး။ပရိသတ်ကြီးထဲမှာရော စိုးပြည့်သဇင်လေးလို့ ငယ်ဘဝအမှတ်တရကစားခဲ့တြ့ နည်းလေးတွေ တူရင်လည်း မှတ်ချက်လေးတွေမှာ ရေးသွားခဲ့ပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Source: Soe Pyae Thanzin’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.