unicode
ပရိသတ်ကြီးရေ ချစ်စရာကောင်းပြီး သာယာချိုမြိန်တဲ့ အသံပိုင်ရှင် အဆိုတော်မလေး ရတနာမိုင်ကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ရတနာမိုင်ကတော့ မိခင်ဖြစ်သူ အဆိုတော်မိုင်ရဲ့ အနုပညာအမွေကို ဆက်ခံထားသူလို့ ဆိုရမှာပါနော်.။ တစ်နေ့တစ်ခြား လည်း ပိုပိုလှလာသလို သူမရဲ့ ထွက်သမျှသီချင်းတိုင်းကလည်း ပရိသတ်တွေကြားမှာ ရေပန်းစာ းလူကြိုက်များလှပါတယ်နော်.။
အခုလို Covid (19) ရောဂါပိုးကြောင့် Stay Home နေရတဲ့ အချိန်လေးမှာ ရတနာမိုင်က သူမချစ်တဲ့ ပရိသတ်တွေအတွက် Tik Tok ဗီဒီယိုလေးတွေဆော့ကာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေ တင်ပေးလေ့ရှိပါတယ်.။ စက်တင်ဘာလ (၁၂)ရက်နေ့မှာလည်း ရတနာမိုင်က သူမရဲ့ အချစ်အိမ် သီချင်းလေးနဲ့ ကထားတဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို “အချစ်အိမ် သီချင်းလေးနဲ့” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။
ရတနာမိုင်ကတော့ အကသမားတစ်ယောက်မဟုတ်ပေမယ့် သူမရဲ့ ကိုယ်ပိုင်သီချင်း မြူးမြူးလေးနဲ့ ကနေပုံလေးက Professional အကသမားလို့တောင် ထင်မှတ်သွားနိုင်လောက်တယ်နော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း ရတနာမိုင်ရဲ့ အချစ်အိမ်သီချင်းလေးနဲ့ ကထားတဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: Yadanar My’s facebook