” သူမရဲ့ပထမဆုံးဇာတ်လမ်းတွဲ ဖြစ်တဲ့ ” ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲကိုပြန်လည်ထုတ်လွှင့်ပြသတော့မယ့်သတင်းကြောင့် Surprise ဖြစ်ကာ ပျော်ရွှင်ရင်ခုန်နေတယ်ဆိုတဲ့နန်းစန္ဒာလှထွန်း”

Posted on

ပရိသတ်ကြီးရေနန်းစန္ဒာလှထွန်းကတော့ နာမည်လေးကြားရုံနဲ့ ရှမ်းတိုင်းရင်းသူလေးဆိုတာ အထူးပြောစရာမလိုအောင်ပါပဲနော်။ MRTV -4မှာ ပြသခဲ့တဲ့ ” ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲမှာရေဝတီဆိုတဲ့ကာရိုက်တာလေးနဲ့ ပရိသတ်ရင်ထဲ အရင်ဆုံးရောက်ရှိခဲ့သူလေးပါ။ ပရိသတ်တွေတခဲနက်အားပေးခဲ့ရတဲ့ အရိပ်ဇာတ်လမ်းတွဲမှာလည်း နာစ့်မဆရာမလေး သက်သက်အနေနဲ့ ပုရိသပရိသတ်တွေ တဖြုတ်ဖြုတ်ကြွေခဲ့ရသူလေးပါ။

ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲတိုင်းမှာလည်း အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ ဇာတ်လမ်းတွဲမင်းသမီးစစ်စစ်တစ်လက်ဖြစ်တာကြောင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝါရင့်အနုပညာရှင်တွေကတောင်ချီးကျုးရတဲ့အထိပါပဲနော်။လတ်တလောမှာလည်း သူမအနေနဲ့ အနုပညာအလုပ်တွေကို stayhome ကာလအပြီးမှာပြန်လည်လုပ်ကိုင်နေတာပါ။

ဒီနေ့မှာတော့ “😱 Omg .. surprise တိုက်ခံလိုက်ရပြီ … ပြန်ပြမှာတဲ့နော် ချစ်ဆုံးတို့ရေ … ဟီးးး ကိုယ်ကတော့အရမ်းပျော်နေပြီ .. ကိုယ့်ရဲ့ပထမဦးဆုံးသော milestone လေး ☺️ အတူတူပြန်ကြည့်ကြမယ်နော် 🥰🥰🥰 ရင်ခုန်လိုက်တာ လို့ ❤️”ဆိုတဲ့စာလေးနဲဘ သူမပရိသတ်တွေကိုပျော်ရွှင်စွာအသိပေးခဲ့တာပါ။ ပရိသတ်ကြီးထဲမှာရော ” ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲကို ပြန်ကြည့်မယ့်သူတွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Nan Sandar HlaHtun

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.