သူမရဲ့တစ်ထေရာတည်းတူတဲ့ ပုံတူပန်းချီလေး လက်ဆောင်ရရှိခဲ့တဲ့အတွက် ဝမ်းသာကြည်နူးနေတဲ့ သင်ဇာဝင့်ကျော်

Posted on

လူကြီး၊လူငယ် အရွယ်သုံးပါးမရွေး အားပေးချစ်ခင်နေရတဲ့ မင်းသမီးချောလေးကတော့ သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သင်ဇာဟာ ဆယ်စုနှစ်တွေတိုင်အောင် ပရိသတ်တွေရဲ့ချစ်ခင်မှုတွေကို သိမ်းကြုံးရယူထားနိုင်တဲ့ အနုပညာရှင်တစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ သူမရဲ့အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းအလှတွေဟာ ပရိသတ်များသာမကပဲ လက်ရှိမော်ဒယ်မလေးများကပါအားကျနေရတာပါ။ 

သင်ဇာဟာ ပွဲအခမ်းအနားများစွာတွင် သူမ မပါရင်ပွဲမစည်နိုင်အောင်ကို အမိုက်စားဖက်ရှင်များနဲ့ညှို့ယူဖမ်းစားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ဆက်စီ ကျကျပုံရိပ်လေးတွေဟာလည်း ပုရိသတွေ မကြွေနိုင်ပဲမနေနိုင်အောင်ကို ဖမ်းစားထားနိုင်တာပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း အဆိုတော်ဟိန်းမင်းသူနဲ့ပုံရိပ်လေးတွေတင်ထားတာပဲဖြစ်ပြီး ဒီပုံလေးတွေဟာပရိသတ်တွေကြားမှာ နာမည်ကြီးနေတာပဲဖြစ်ပါတယ်။ 

သူမကိုချစ်ခင်တဲ့ပရိသတ်တွေက အမှတ်တရလက်ဆောင်ပစ္စည်းများပေးလေ့ရှိတာပဲဖြစ်ပြီး အခုတစ်ခေါက်မှာလည်း သင်ဇာရဲ့ပုံတူပန်းချီလေးကို လက်ဆောင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပုံလေးဟာလည်း သင်ဇာနဲ့အရမ်းကိုတူလွန်းတာပဲဖြစ်ပြီး သူမကိုယ်တိုင်ကြိုက်နှစ်သက်လွန်းသဖြင့် Instagram myday လေးမှာပါ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သင်ဇာရဲ့ပုံတူလေးကိုကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်နော်။

5

Photo- Thinzar Wint Kyaw
ခရက်ဒစ် myanmarload

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.