” သူမရဲ့ချစ်တဲ့ပရိသတ်တွေကို ထူးခြားတဲ့ Surprise ဖြစ်စေမယ့်အရာလေးကို ချပြစရာရှိတယ်ဆိုတဲ့ Mary”

Posted on




Source: Mary
zawgyi
ပရိသတ်ကြီးရေMaryကတော့ ယောကျာ်းထုကြီးရဲ့အသည်းကျော်လေးဆိုလည်းမမှားပါဘူးနော်။ ငယ်စဉ်ထဲက ဂျပန်မှာနေခဲ့ပေမယ့် မြန်မာနိုင်ငံကိုတော့ ချစ်ခင်တွယ်တာလွန်းတာကြောင့် အချိန်ရတဲ့ အားလပ်ရက်တွေကို မြန်မာပြည်မှာနေကာ အနုပညာအလုပ်တွေလုပ်ရင်း ကုန်ဆုံးလေ့ရှိသူလေးပါ။

Mary လို့ဆိုလိုက်တာနဲ့ ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းပြီးစကားသံဝဲဝဲ လေးနဲ့ အဆိုတော်လေးကို ပြေးမြင်မိမှာပါ။ ဒါ့အပြင်အမြဲပွင့်လင်းပေါ့ပါးစွာအင်တာဗျူးတွေကိုဖြေတတ်တာကြောင့် ပုရိသတွေအချစ်ပိုနေရတဲ့အချက်ထဲကတစ်ချက်အပါအဝင်ပါပဲနော်။

ဒီနေ့မှာတော့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “မနက်ဖြန်ညနေ ၇ နာရီမှာ အားလုံးကို surprise လုပ်စရာတစ်ခုရှိပါတယ် 🤗Mary ကတော့ အားလုံးကို ပြောပြဖို့အတွက် ရင်တွေအရမ်းခုန်နေပြီ 🥰ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ပေးဦးနော် ”ဆိုတဲ့ စာလေးနဲ့ပရိသတ်တွေကိုပြောပြခဲ့တာပါ။ ပရိသတ်ကြီးရေ Maryရဲ့ Surpriseကဘာများဖြစ်မလဲဆိုတာခန့်မှန်းကြည့်ခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Mary
joez

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.