သူမရဲ့ ဗိုက်တရားခံဟာ သူများတွေပြောသလို ထွန်းထွန်း၊ Ah Boy တို့မဟုတ်ပဲ အကြောင်းအရင်းသက်သက်ရှိတယ်ဆိုတဲ့ ညီညီမောင်ရဲ့ အခွီဗီဒီယို

Posted on

မိတ်ကပ် ညီညီမောင် (စမ်းချောင်း) ကတော့ မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ဖြစ်ပေမယ့်လည်း အနုပညာပါရမီလည်း မသေးသူတစ်ယောက် ဖြစ်ပါတယ်။ ညီညီမောင် (စမ်းချောင်း) က သူမရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီး “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်နဲ့တင် ပရိသတ်တွေရဲ့ အားပေးမှုကို တဖွဲဖွဲရရှိပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ညီညီမောင်(စမ်းချောင်း)က ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ကြော်ငြာတွေနဲ့ သီချင်း MV တွေမှာ ပါဝင်သရုပ်ဆောင်နေရတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ဟာသဗီဒီယိုလေးတွေကိုလည်း ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးလေ့ရှိတဲ့ ညီညီမောင် (စမ်းချောင်း) ကတော့ ဒီကနေ့မှာလည်း ပရိသတ်တွေအတွက် အသစ်စက်စက် ဗီဒီယိုလေးကို မျှဝေပေးလာပါတယ်။ ညီညီမောင် (စမ်းချောင်း) က အချဉ်တွေအရမ်းစားချင်လို့ ကိုယ့်ကိုကိုယ် ဗိုက်ကြီးနေပြီလို့ ထင်တယ်ဆိုတဲ့ Sts မှာ လာရောက်ပြောဆိုကြသူတွေကို အခုလိုပဲ ဗီဒီယိုနဲ့တကွ ဖြေရှင်းလာတာပဲ ဖြစ်ပါတယ်။

ညီညီမောင် (စမ်းချောင်း) ကတော့ ပရိသတ်တွေ ခဏတာ ဘဝအမောပြေပျောက်စေဖို့ ဗီဒီယိုလေးကို တင်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ညီညီမောင် (စမ်းချောင်း) ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ခတ္တခဏတော့ ပျော်ရွှင်မှုရရှိသွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nyi Nyi Mg- Sanchaung’s fb

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.