“သူမဘဝမှာ မရှိမဖြစ် အရာ(၉)မျိုးအကြောင်းကို ပရိသတ်တွေဆီ ချပြလာတဲ့ မေမြင့်မိုရ်ရဲ့ ဗီဒီယိုဖိုင်”

Posted on





unicode

ပရိသတ်ကြီးရေ MRTV-4 ဇာတ်လမ်းတွဲများနဲ့ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ပိုင်ဆိုင်ခဲ့သူ မင်းသမီးချောတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသမီး မေမြင့်မိုရ်ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ မေမြင့်မိုရ်ကတော့ “ပန်းနုသွေး”ဇာတ်လမ်းတွဲကနေ စတင်ကာ ပရိသတ်တွေသတိထားမိခဲ့ပြီး ချစ်ခင်အားပေးမှုတွေကိုပါ တစ်ပြိုင်နက်တည်း ရရှိခဲ့သူလေးပဲဖြစ်ပါတယ်။

မေမြင့်မိုရ်ကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့ပြီး ဇာတ်လမ်းတွဲအပြင်ကို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်ရိုက်ကူးနေသူပဲဖြစ်ပါတယ်။ မတူညီတဲ့ ကာရိုက်တာတိုင်းနဲ့လည်း ပရိသတ်တွေကို ဆွဲဆောင်နိုင်သလို ရိုးရှင်းပြီး ကျက်သရေရှိရှိလှတဲ့သူမရဲ့ အလှတွေကြောင့်လည်း ပုရိသပရိသတ်တွေကြားမှာ နာမည်ကြီးသူလေးတစ်ယောက်ပါပဲနော်။ မေလေးကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေအကြောင်းကို ချပြလေ့ရှိပြီး ဒီနေ့ ဇူလိုင်လ (၃၁)ရက်နေ့မှာလည်း “မေရဲ့ အရေးပါတဲ့အရာ (၉)မျိုးက ဘာတွေဖြစ်မယ်ထင်လဲ.။ #9_Essentials #9P_Entertainment” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။

သူမရဲ့ နေ့စဉ်ဖြတ်သန်းနေတဲ့ဘဝမှာ အလိုအပ်ဆုံးနဲ့ အနားမှာအရှိဆုံး အရာ(၉)မျိုးအကြောင်းကို ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး။ ပရိသတ်ကြီးအတွက်လည်း မေမြင့်မိုရ်လေးရဲ့ အလိုအပ်ဆုံးအရာ(၉)မျိုး ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်အေးချမ်းတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပ ါတယ်နော်.။

Source: May Myint Mo’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.