သူမတို့ရဲ့ Double Dating အစီအစဉ်လေးကို အစ်ကိုနေတိုးက ဝင်ကြည့်ပြီးအားပေးနေလို့ အရမ်းပျော်ရွှင်သွားရတဲ့ သဇင်ထူးမြင့်

Posted on

အနုပညာလောကမှာအောင်မြင်နေတဲ့ ဦးခင်လှိုင်ကတော့ ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီးတော့လည်း ဇာတ်ကားပေါင်းများစွာကို ဖန်တီးနေတာဖြစ်ပါတယ်။ဦးခင်လှိုင်ရဲ့သား နေရဲနဲ့သမီးငယ်လေး သဇင်ထူးမြင့်တို့မောင်နှမနှစ်ယောက်ကလည်း လက်ရှိမှာဆိုရင် အနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းနေပြီဖြစ်ပါတယ်နော်။သဇင်ထူးမြင့်ကတော့ အနုပညာလောကထဲကိုစတင်ဝင်ရောက်ချိန်မှာပဲ သူမကိုချစ်ခင်အားပေးကြတဲ့ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

သဇင်ထူးမြင့်က အနုပညာအလုပ်တွေကိုကြိုးစားလုပ်ဆောင်နေတာကြောင့် နေ့တိုင်းရှုတင်တွေသွားနေရတာဖြစ်ပါတယ်။သဇင်ထူးမြင့်က ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး ကြော်ငြာတွေလည်းရိုက်ကူးနေတာဖြစ်လို့ သူမရဲ့အနုပညာခြေလှမ်းတွေကစိပ်နေတာဖြစ်ပါတယ်နော်။လက်ရှိမှာဆိုရင် သဇင်ထူးမြင့်က ယွန်းယွန်း၊အောင်မင်းခန့်၊စည်သူဝင်းတို့နဲ့အတူ Double Datingဆိုတဲ့ Programလေးကို ပျော်ပျော်ပါးပါးနဲ့ရိုက်ကူးနေတာဖြစ်ပါတယ်။

သဇင်ထူးမြင့်တို့ရဲ့ Double Datingလေးက လူငယ်ပရိသတ်တွေကြားမှာ အရမ်းအောင်မြင်နေတာဖြစ်ပါတယ်နော်။သဇင်ထူးမြင့်နဲ့စည်သူဝင်းကတစ်တွဲ၊ယွန်းယွန်းနဲ့အောင်မင်းခန့်တို့ကတစ်တွဲဖြစ်ပြီး သူမတို့လေးယောက်လုံးကို ပရိသတ်တွေကအရမ်းချစ်နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဝါရင့်သရုပ်ဆောင်အကယ်ဒမီနေတိုးက သူမတို့ရဲ့ Double Dating အစီအစဉ်လေးကို ဝင်ရောက်ကြည့်ရှု့နေလို့ အတိုင်းမသိဝမ်းသာခဲ့ရတာဖြစ်ပါတယ်။သဇင်ထူးမြင့်တို့လေးယောက်ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ဝါရင့်အနုပညာရှင်တွေပါ ဝန်းရံနေကြတာဖြစ်ပါတယ်နော်။

crd ……..

zawgyi




crd ……..

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.