သူမကိုယ်တိုင်လည်း Hotel Quarantine ဝင်နေရပြီဆိုတဲ့အကြောင်း ပရိသတ်တွေကို အသိပေးလာတဲ့ ရီရီပွင့်ဖြူ

Posted on

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရီရီပွင့်ဖြူကတော့ အနုပညာလောကမှာ အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေ လုပ်ကိုင်တော့ခြင်းမရှိတော့တာကို တွေ့ရပါတယ်။ ရီရီပွင့်ဖြူက အရင်ကလို အနုပညာအလုပ်တွေကို မလုပ်ကိုင်ဖြစ်တော့ပေမယ့် သူမရဲ့ ချစ်သူ မောင်တို့ရဲ့ ပေ့ခ်ျလေးကြောင့် ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရှိနေဆဲပဲ ဖြစ်ပါတယ်။

မောင်ကတော့ သူမ Covid-19 ရောဂါရှိသူ အစ်မဖြစ်သူနဲ့ ထိတွေ့မှုရှိခဲ့တဲ့ တူ၊တူမလေးတွေနဲ့အတူတူ Quarantine ဝင်နေရတာဖြစ်ပြီး ရီရီပွင့်ဖြူကတော့ သူမရဲ့ ချစ်သူနဲ့ မိသားစုအတွက် လိုအပ်တာတွေ မှန်သမျှ ဖြည့်စည်းပေးနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရီရီပွင့်ဖြူက သူမကိုယ်တိုင်လည်း Hotel Quarantine ဝင်နေရပြီဆိုတဲ့အကြောင်းကို “I Aslo Q.. နောက်မှ အေးအေးဆေးဆေး သတင်းပို့ပါမယ်” ဆိုပြီး ခင်မင်ရင်းနှီးသူတွေနဲ့ ပရိသတ်တွေကို အသိပေးထားပါတယ်။

ရီရီပွင့်ဖြူကတော့ ဘယ်လိုအကြောင်းကြောင့် Hotel Quarantine ဝင်နေရလဲဆိုတာကို မပြောပြသေးပါဘူး။ ရီရီပွင့်ဖြူနဲ့တကွ မောင်တို့ မိသားစုအားလုံး ကျန်းကျန်းမာမာရှိနေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Yi Yi Pwint Phyu’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.