သူမကိုယ်တိုင်တည် ထားတဲ့ မွန်ပြည်နယ်က နပါးရုံဘု ရားအတွက် (၂၄) ရက် တိတိ အဓိဌာန်ဝင်ကုသိုလ်ယူမယ့် နေခြည်ဦး

Posted on

ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်ကြောင့် အနုပညာလောကမှာ တစ်ခဏအတွင်း အောင်မြင်လာတဲ့ နေခြည်ဦး က အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အသစ်တစ်ယောက်လို့ မထင်ရလောက်အောင် သရုပ်ဆောင်ကောင်းလွန်းတဲ့ နေခြည်ဦးဟာ အချိန်တို ခဏလေးအတွင်း အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာရရှိနေပြီပဲ ဖြစ်ပါတ ယ်။ အသက်ငယ်င ယ်လေးနဲ့ အောင်မြင်မှုတွေ အကြီးအကျယ်ရရှိနေတဲ့ နေခြည်ဦးက လူငယ် တစ်ယောက်ပီပီ အပျော်အပါးလည်းရှိသလို ဘာသာရေးနဲ့ ကုသိုလ်ရေးကိုလည်း မမေ့လျော့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဝါတွင်းကာလမှာလည်း အဓိဌာ န်ဝင်ကုသိုလ်ယူခဲ့တဲ့ နေခြည်ဦးက ဒီတစ်ခါမှာလည်း သူမကိုယ်တိုင်တည်ထားတဲ့ မွန်ပြည်နယ်က နပါးရုံဘုရားအတွက် (၂၄) ရက်တိတိ အဓိဌာန်ဝင်မယ့်အကြောင်းကို ပြောပြလာပါတယ်။ နေခြည်ဦးက “မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ နေခြည်တည်ထားတဲ့ န ဂါးရုံဘုရားကြီး ဘုရင်းဆင်းတုတော် အနေကဇ ာတင်ရန် (၂၄) ရက်တိတိ အဓိဌာန်ဝင်ပါတယ်။ သက်သက်လွတ်စားပြီး အရက်သေစာရှောင်ပါ့မယ်ဟုလည်း သစ္စာအဓိဌာန်ပြုပါတယ်။ အောင်ပါစေ.. အောင်ပါစေ.. အောင်ပါစေ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

နေခြည်ဦးကတော့ သူမအမေရဲ့ မွေးရပ်မြေဖြစ်တဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ နဂါးရုံဘုရားတည်နေတာ လပေါင်းများစွာကြာနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြ ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာ ယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Chi Oo’s fb

zawgyi




Source: Nay Chi Oo’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.