“သူစိမ်းအိမ်​” ရုပ်​ရှင်​ ရိုက်​ကူးတုန်းက ထိခိုက်​မိခဲ့တဲ့ ဒဏ်​ရာ​တွေကို ပြသလိုက်​တဲ့ ​ဖွေး​ဖွေး

Posted on

ပရိသတ်တွေကြားမှာ တော်တော်လေးအောင်မြင်ခဲ့တဲ့ “ည” ရုပ်ရှင်ကို ဖန်တီးထားတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်​ပြီး သိပ်မ​ကြာခင်မှာပဲ ပရိသတ်တွေရဲ့သ​ဘောကျမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာ​တော့ ” သူစိမ်းအိမ်​ ” ရုပ်​ရှင်​ဇာတ်​ကားကြီးရဲ့ အဓိက သရုပ်​​ဆောင်​တစ်​ဦးဖြစ်​တဲ့​ဖွေ​ဖွေးက ရုပ်​ရှင်​ရိုက်​တုန်းတကယ်​ထိခိုက်​ဒဏ်​ရာ ရခဲ့တဲ့​အ​ကြောင်းကို လူမှုကွန်ယက်မှာ ချပြလိုက်တာ တွေ့ရပါတယ်။ တကိုယ်​လုံးကို ညိုမဲ​တွေစွဲပြီး ​ဖွေးစိန်​​လေး ​တော်​​တော်​ကြိုးစားခဲ့ရတာပါ​နော်​။

ချစ်ပရိသတ်တွေအတွက်​သွေးပျက်ဖွယ်ကောင်းလှတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဒဏ်​ရာ​တွေရတဲ့အထိ ကြိုးစားခဲ့ရတဲ့ ​ဖွေးစိန်​​လေးရဲ့ အ​​ကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဦးလွင်​မိုးလက်​နဲ့ ကုတ်​မိသွားလို့ နှာ​ခေါင်း​ပေါ်မှာ ဒဏ်​ရာ ရသွားတဲ့အပြင်​၊ လက်​တစ်​ခုလုံးလည်း ညိုမဲတဲ့အထိ သရုပ်​​ဆောင်​ခဲ့တဲ့ ​ဖွေး…။

ဖွေး​ဖွေး​က​တော့ “သူစိမ်းအိမ် အမှတ်တရ ရှိစေခဲ့တဲ့ ဒဏ်ရာလေးတွေ…❣ေ ကျနပ်သယ် အားရတယ် ထိ တယ် ^__________^ 🧟‍♀️💪💪💪1 year Ago memory my darling ❤” ဆိုပြီး သူစိမ်းအိမ်​ ရုပ်​ရှင်​ရိုက်​ကူးတုန်းက အမှတ်​တရ​တွေကို ​ဝေမျှ​ပေးထားတာပါ။

ဇာတ်ကားကို စတင်မရိုက်ခင်ကတည်းက Rehearsal အနေနဲ့ ရုပ်ရှင်ထဲမှာပါတဲ့ သရုပ်ဆောင်တွေ အကုန်လုံးကိုခေါ်ပြီး အိမ်ထဲမှာ သေချာလေ့ကျင့် ပြင်ဆင်ထားတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒီထက်ပို​ပြီး အောင်မြင်မှုတွေရရှိဦးမှာ မလွဲမသွေပါပဲ။ ချစ်ပရိသတ်တွေလည်း ဒါရိုက်တာထူးပိုင်ဇော်ဦး ရိုက်ကူးထားပြီး ​ဖွေးစိန်​​လေးတို့  အ​ကောင်းဆုံး သရုပ်​​ဆောင်​ ထားတဲ့ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို သွာ​ရောက်​အားပေကြည့်ရှုကြဖို့ မမေ့ပါနဲ့နော်။

Source;Phway Phway’s Facebook
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.