“သူစိမ်းအိမ် ရုပ်ရှင် တစ်နှစ်ပြည့်တဲ့ အထိမ်းအမှတ် အနေနဲ့ အမှတ်တရတစ်ခုဖော်ပြလိုက်တဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦး”

Posted on

ပရိသတ်ကြီးရေ ဒါရိုက်တာထူးပိုင်ဇော်ဦးကတော့ “ည”ရုပ်ရှင်ဇာတ်ကားနဲ့ ပွဲဦးထွက်လာပြီးပထမဆုံးဇာတ်ကားမှာပဲ လူသိများအောင်မြင်ခဲ့တဲ့ဒါရိုက်တာသစ်တစ်ဦးပါ။ ဒါရိုက်တာထူးပိုင်ဇော်ဦးကတော့ အသစ်အသစ်သောဖန်တီးမှုတွေဆက်တိုက်ပြုလုပ်နေတဲ့ ဒါရိုက်တာတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။

အသက်ငယ်ငယ်လေးနဲ့ ရိုက်ကူးလရောင်အောက်ဘက်မိုင်းအဝေးမှာတဲ့ဇာတ်ကားတိုင်းအောင်မြင်အောင်ရိုက်ကူးနိုင်တဲ့ ပညာရှင်တစ်ဦးဖြစ်ပြီး ဆေးကျောင်းတက်ကာ ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် ဒါရိုက်တာတစ်ယောက်အဖြစ်နဲ့သာရပ်တည်နေတဲ့ သူတစ်ယောက်ပါ။သူရိုက်ကူးခဲ့တဲ့ ကားတွေကတော့ ” ည ” ၊ ”သူစိမ်းအိမ်”၊ ”” ၊ ”Yangon in love ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားတွေဖြစ်ပြီး နှစ်ကားသာရုံတင်ရသေးတာပါ။

ဒီနေ့မှာတော့ ” ချစ်တို့ရေ 😁ဒီနေ့ဟာ သူစိမ်းအိမ် ရုပ်ရှင် တစ်နှစ်ပြည့်တဲ့ နေ့ပါ။တခါမှ မတင်ဖူးသေးတဲ့ ပုံလေး တွေကို အမှတ်တရ တင်လိုက်ပါတယ်။
သူစိမ်းအိမ် ကြည့်တုန်းက အော်ခဲ့၊ ကြောက်ခဲ့ ၊ လန့်ခဲ့ ၊ သဘောကျခဲ့ တဲ့ ကောင်းမွန်သော အမှတ်တရလေးတွေကို ဒါရိုက်တာ အားတက်အောင် အမှတ်တရ ပြောပေးကြပါဦး ”ဆိုတဲ့စာလေးနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Htoo Paing Zaw Oo

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.