“သူစိမ်းအိမ်” ဇာတ်ကားအကြောင်းကိုကြည့်ပြီးရင် ပြန်မပြောဖို့ တောင်းဆိုလိုက်တဲ့ ဖွေးဖွေး

Posted on

လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဒုတိယမြောက် အနုပညာလက်ရာဖြစ်တဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးက Trailer ထွက်ရှိစဉ်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကို မနေ့က ဇူလိုင်လ (၁) ရက်နေ့က စတင်ရုံတင်ပြသခဲ့ပြီး စတင်ပြသတဲ့ ပထမနေ့မှာတင် ပရိသတ်တွေ ရုံပြည့်ရုံလျှံအားပေးကြတာကို တွေ့ရပါတယ်။

နာရီပိုင်းစာ ရုပ်ရှင်ကားကောင်းတစ်ကား ရရှိဖို့ နောက်ကွယ်မှာ အဖွဲ့သားတွေ သရုပ်ဆောင်တွေ တက်ညီလက်ညီနဲ့ ကြိုးစားထားကြတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ပြီးသွားတဲ့ ပရိသတ်တွေအနေနဲ့ အခြားသူများကို Spoil မလုပ်ကြဖို့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးမှ ဖွေးဖွေးက အခုလိုပဲ တောင်းဆိုထားပါတယ်။

“No Spoiler please… Spoil လုပ်တယ်ဆိုတာ ဇာတ်လမ်းကြည့်ပြီးသူတွေက မကြည့်ရသေးတဲ့သူတွေကို ဇာတ်ရဲ့ မြှုပ်ကွက်တွေ အထွတ်အထိပ်တွေ ကို မမေးပဲကြိုပြောချလိုက်တာ ကို ပြောတာပါ။ တချို့ မကြည့်ရသေးခင် ကြိုသိချင်လို့မေးတော့လည်း တမျိုးပေါ့။”

” ဖွေးတစ်ယောက်တည်း ခံစားချက်အနေနဲ့ကတော့ ရုပ်ရှင်အသစ်တစ်ခုကြည့်တော့မယ် ဆိုရင် အကုန်အသစ်က စခံစားချင်တာ၊ အံ့ဩတာ၊ တုန်လှုပ်တာ၊ ခြောက်ခြားတာ အားလုံးးး ဘာမှကြိုမသိထားမှ အစစ်ခံစားမှုရနိုင်မှာလေ။ ကိုယ်က မမေးပဲနဲ့ “ဟဲ့ သူကဘာဖြစ်သွားမှာ နောက်ဆုံးခန်းကဒီလို…!! ” ဆိုပြီး ကြိုပြောခံရရင် spoil လုပ်ရင် ဒေါသထွက်လွန်းလို့ ငိုတောင်ငိုဖူးတဲ့ထိပါပဲ။ ဒါပါပဲ .. ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပြောထားပါတယ်။

“သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်ရှေ့ ရောက်ရှိလာဖို့ ကြိုးစားထားခဲ့တာ (၂) နှစ်နီးပါး အချိန်ကြာခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပရိသတ်ကြီးကလည်း ဖန်တီးသူတို့ကို လေးစားသောအားဖြင့် သူစိမ်းအိမ်ရုပ်ရှင်ကြည့်နေတုန်းမှာ ရုပ်ရှင်ကို ဓာတ်ပုံရိုက်တာ၊ videoရိုက်တာ (သို့) liveလွှင့်တာ တို့ မပြုလုပ်ကြဖို့ အနူးအညွှတ်မေတ္တာရပ်ခံပါတယ်နော်။

Credit-Momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.