သူငယ်ချင်းမတွေဖြစ်တဲ့ ပွင့်နဒီမောင်နဲ့ ဂျင်းနီတို့ကို ပုံလှလှလေးတွေထွက်ဖို့ လမ်းပေါ်မှာ မှောက်အိပ်ပြီး ဓာတ်ဖမ်းပေးခဲ့ရတဲ့ ထူးခြားရဲ့အဖြစ်

Posted on





Unicode

နိုင်ငံကျော် ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ထူးခြားကတော့ စိတ်ထားကောင်းပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်။ ထူးခြားကတော့ အခုဆိုရင် အိမ်ထောင်ကျပြီး အိမ်ထောင်ရှင်တစ်ယောက်ဖြစ်လို့နေပြီဖြစ်ပြီး အနုပညာအလုပ်တွေနဲ့အတူတူ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက်လုပ်ကိုင်နေလျက်ရှိပါတယ်။ ထူးခြားကတော့ သူ့ကိုယ်သူ အနုပညာရှင်တစ်ယောက်ဆိုတာထက် သာမာန်လူတစ်ယောက်လိုသာ ပွင့်လင်းစွာနေထိုင်တတ်တာပဲ ဖြစ်ပါတယ်။

စိတ်ထားကောင်းပြီး အပေါင်းအသင်းမင်တဲ့ ထူးခြားကတော့ သူနဲ့ခင်မင်ရင်းနှီးသူတိုင်းကို စိတ်ရင်းနဲ့သာ ပေါင်းသင်းတတ်တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ထူးခြားက သူ့ရဲ့ သူငယ်ချင်းမတွေဖြစ်တဲ့ ပွင့်နဒီမောင်နဲ့ ဂျင်းနီတို့ကို အနစ်နာခံပေးခဲ့ပုံကြောင့် ပရိသတ်တွေခမျာ သဘောကျခဲ့ရတာပဲ ဖြစ်ပါတယ်။ ထူးခြားက တန်ဆောင်မုန်းလပြည့်နေ့မှာ သူငယ်ချင်းမတွေဖြစ်တဲ့ ပွင့်နဒီမောင်နဲ့ ဂျင်းနီတို့ကို ပုံလှလှလေးတွေထွက်ဖို့ လမ်းပေါ်မှာ မှောက်အိပ်ပြီး ဓာတ်ဖမ်းပေးခဲ့တာကြောင့် ပွင့်နဒီမောင်က “ပုံကောင်းတစ်ပုံရဖို့အတွက် လွယ်တယ်ထင်လား.. ပေးစပ်သူတို့နှလုံးသား 😜😜😜😜” ဆိုပြီး ထူးခြားကို စနောက်ထားပါတယ်။

ထူးခြားကတော့ ယောကျာ်းလေးသူငယ်ချင်းပီပီ သူငယ်ချင်းမတွေ ဓာတ်ပုံလှလှလေးရဖို့ သူကိုယ်တိုင် လမ်းပေါ်မှာ မှောက်အိပ်ပြီး ဓာတ်ဖမ်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးမှာရော ဒီလိုမျိုး အနစ်နာခံတတ်တဲ့ သူငယ်ချင်းရှိလား ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Pwint Nadi Maung’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.