သီဟအောင်နဲ့ သဇင်ထူးမြင့်တို့ သရုပ်ဆောင်ထားတဲ့ အဆိုတော် စစ်ပိုင်ထက်ရဲ့ရွှေခြေကျင်းသီချင်းဗီဒီယို

၂၀၁၈ ခုနှစ်ရဲ့အကယ်ဒမီ ပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့ပြီးနောက် ပရိသတ်တွေကြားမှာ အချိန်တိုလေးအတွင်း နာမည်ကြီးလာတဲ့ ဇာတ်ပို့သရုပ်ဆောင် ကိုကိုဦးရဲ့သားလေး သီဟအောင်နဲ့ သရုပ်ဆောင် ခင်လှိုင်ရဲ့သမီးချောလေး သဇင်ထူးမြင့်တို့နှစ်ဦးကတော့ မိဘတွေနဲ့တူလို့ အနုပညာပါရမီ အပြည့်အဝပါသူတွေပါ။

လတ်တလောမှာတော့ သီဟအောင်နဲ့ သဇင်ထူးမြင့်တို့ သရုပ်ဆောင်ထားတဲ့ အဆိုတော် စစ်ပိုင်ထက်ရဲ့”ရွှေခြေကျင်း” သီချင်းဗီဒီယိုလေးက ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာ တွေ့ရပါတယ်။ အရမ်းချစ်ဖို့ကောင်းတဲ့ သူတို့နှစ်ဦးရဲ့သရုပ်ဆောင်ချက်တွေက ပရိသတ်တွေကို တော်တော်လေး သဘောကျစေခဲ့တာပါနော်။

ချစ်ပရိသတ်တွေအတွက် သီဟအောင်နဲ့ သဇင်ထူးမြင့်တို့နှစ်ယောက် သရုပ်ဆောင်ထားတဲ့ အဆိုတော် စစ်ပိုင်ထက်ရဲ့သီချင်းဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုတော် စစ်ပိုင်ထက်ကတော့ ” Music Video အပြည့်ကိုတင်ပေးလိုက်ပါပြီ ကျွန်တော် Sam Sam ရဲ့ဒီပေ့ခ်ျကို Like & Follow လုပ်ပြီးတော့ ဒီသီချင်းလေးကိုလည်း share ဖို့မမေ့နဲ့နော် 🍁Don’t forget to like my page and put it on see first for more projects.✌️🙌*SS*” ဆိုပြီး သူ့ရဲ့သီချင်းအသစ်လေးကို တင်ပေးထားတာပါ။

အဆိုတော် စစ်ပိုင်ထက်ရဲ့”ရွှေခြေကျင်း”သီချင်းဗီဒီယို

စကားပြောရင်လည်း သားသားနဲ့ ပါးစပ်ဖျားက မချတမ်းပြောတတ်တဲ့ သီဟအောင်နဲ့ ဖြူစင်လွန်းတဲ့ သဲလေးကိုတော့ ပရိသတ်တွေက ချစ်တဲ့ မျက်လုံးလေးနဲ့ကြည့်ပြီး အားပေးနေတာကို တွေ့ရပါတယ်။ လတ်တလောမှာတော့ သီဟအောင်ရော သဇင်ထူးမြင့်လေးပါ အနုပညာအလုပ်လေးတွေ အနည်းငယ် စတင်လုပ်လာပြီပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေလည်း အရမ်းကို နားထောင်လို့လည်းကောင်း၊ ကြည့်လို့လည်းကောင်းတဲ့ အဆိုတော် စစ်ပိုင်ထက်ရဲ့”ရွှေခြေကျင်း” သီချင်းဗီဒီယိုလေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.