unicode
သရုပ်ဆောင် မင်းသမီးလေး ရွှေပိုးအိမ်ကတော့ သရုပ်ဆောင်မင်းသမီးလေးပီပီ သရုပ်ဆောင်ကောင်းသလို စိတ်ထားလေးလည်း ပြည့်စုံကောင်းမွန်သူတစ်ယောက် ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုလည်းလုပ်ကိုင်သလို အားလပ်တဲ့အချိန်တွေမှာလည်း အများအကျိုး ပရဟိတအလုပ်တွေကို လုပ်ကိုင်နေတဲ့ ရွှေပိုးအိမ်က ပရိသတ်တွေ လေးစားချီးကျူးခြင်းခံရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ရွှေပိုးအိမ်ကလည်း သူမရဲ့ နေ့စဉ်ဖြတ်သန်းနေထိုင်မှုဘဝမှာ ကုသိုလ်တစ်ခုခုကို ပြုလုပ်ရင်း ဖြတ်သန်းနေသူတစ်ယောက် ဖြစ်ပါတယ်။
လက်ရှိမှာလည်း တေဇာနန္ဒီဘွဲံအမည်နဲ့ သီလရှင်ဝတ် ကုသိုလ်ယူနေတဲ့ ရွှေပိုးအိမ်က ဒီကနေ့မှာတော့ သူမရဲ့ အေးချမ်းလှတဲ့ ပုံရိပ်တွေကို ချပြလာပါတယ်။ ရွှေပိုးအိမ်က အေးချမ်းလှတဲ့ ဗုဒ္ဓရိပ်အောက် ခိုလှုံရင်း အေးအေးချမ်းချမ်းရှိနေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ဆရာလေး တေဇာနန္ဒီတစ်ဖြစ်လည်း ရွှေပိုးအိမ်ရဲ့ ပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။
ရွှေပိုးအိမ်ကတော့ ရခဲလှတဲ့လူ့ဘဝမှာ ကုသိုလ်ထူး၊ ကုသိုလ်မြတ်လေးကို ယူရင်း သီလရှင်ဝတ် တရားအားထုတ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ရွှေပိုးအိမ်ရဲ့ မွန်မြတ်လှတဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ myanmar cele cafe ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Shwe Poe Eain’s fb