ဒီလအေစာပိုင္းေလာက္တုန္းက “Sulis Painting” Workshop ရဲ႕ဖန္တီးမႈအျမင္အႏုပညာရွင္အဖြဲ႕ကေန သိပၸံနည္းအရအၿပီးျပည့္စုံဆုံးေသာမ်က္ႏွာပိုင္ရွင္ကို ေ႐ြးခ်ယ္ဖို႔အတြက္ ဆန္ကာတင္စာရင္းကိုထုတ္ျပန္ခဲ့ရာ ကမာၻေက်ာ္ K-pop အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ BTS ရဲ႕အဖြဲ႕ဝင္ျဖစ္သူ Jin ဟာလည္း အဆိုပါစာရင္းရဲ႕ထိပ္ဆုံး သုံးေယာကထဲမွာ ပါဝင္ခဲ့ပါတယ္။
ေနာက္ထပ္ႏွစ္ေယာက္ေတာ့ ၿဗိတိန္လူမ်ိဳးသ႐ုပ္ေဆာင္ Henry Cavill နဲ႔ ဩစေၾတးလ်လူမ်ိဳးသ႐ုပ္ေဆာင္ Jacob Elordi တို႔ျဖစ္ၾကၿပီး ဒီလိုမ်ိဳးဆန္ကာတင္စာရင္းဟာ ႏိုင္ငံေပါင္း ၄၃ ႏိုင္ငံက နာမည္ေက်ာ္အႏုပညာရွင္ေပါင္းမ်ားစြာကို ေ႐ြးခ်ယ္ၿပီးမွထြက္ေပၚလာတဲ့ရလဒ္တစ္ခုျဖစ္ပါတယ္။
ဒီေန႔ ဇြန္လ ၁၉ ရက္ေန႔မွာေတာ့ Jin ဟာ သိပၸံနည္းအရ အၿပီးျပည့္စုံဆုံးေသာမ်က္ႏွာပိုင္ရွင္အျဖစ္ ေ႐ြးခ်ယ္ခံလိုက္ရၿပီျဖစ္ေၾကာင္းကို ထုတ္ျပန္ေၾကညာခဲ့ၿပီး သူ႔ရဲ႕မ်က္ႏွာတည္ေဆာက္ပုံဟာ Golden Ratio အရဆိုရင္ ၿပီးျပည့္စုံလုနီးပါးရွိတယ္လို႔ဆိုပါတယ္။ ဒါ့အျပင္ ပါးစပ္၊ မ်က္လုံး၊ ေမးေစ့နဲ႔ နဖူးတို႔ရဲ႕ပုံစံဟာလည္း အခ်ိဳးတက်ရွိလြန္းလွတယ္လို႔လည္း ဆိုထားပါေသးတယ္။
အမ်ိဳးသမီးေတြထဲမွာဆိုရင္ေတာ့ အေမရိကန္မင္းသမီး Anne Hathaway က တစ္ကမာၻလုံးမွာ အၿပီးျပည့္စုံဆုံးေသာမ်က္ႏွာပိုင္ရွင္အျဖစ္ ေ႐ြးခ်ယ္ခံထားရၿပီး သူမရဲ႕မ်က္ႏွာတည္ေဆာက္ပုံနဲ႔ အစိတ္အပိုင္းတစ္ခုခ်င္းစီဟာဆိုရင္လည္း အခ်ိဳးက်လြန္းလွတယ္လို႔ ေဖာ္ျပထားပါတယ္။
Ref : KStarLive
Unicode
ဒီလအစောပိုင်းလောက်တုန်းက “Sulis Painting” Workshop ရဲ့ဖန်တီးမှုအမြင်အနုပညာရှင်အဖွဲ့ကနေ သိပ္ပံနည်းအရအပြီးပြည့်စုံဆုံးသောမျက်နှာပိုင်ရှင်ကို ရွေးချယ်ဖို့အတွက် ဆန်ကာတင်စာရင်းကိုထုတ်ပြန်ခဲ့ရာ ကမ္ဘာကျော် K-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ရဲ့အဖွဲ့ဝင်ဖြစ်သူ Jin ဟာလည်း အဆိုပါစာရင်းရဲ့ထိပ်ဆုံး သုံးယောကထဲမှာ ပါဝင်ခဲ့ပါတယ်။
နောက်ထပ်နှစ်ယောက်တော့ ဗြိတိန်လူမျိုးသရုပ်ဆောင် Henry Cavill နဲ့ ဩစတြေးလျလူမျိုးသရုပ်ဆောင် Jacob Elordi တို့ဖြစ်ကြပြီး ဒီလိုမျိုးဆန်ကာတင်စာရင်းဟာ နိုင်ငံပေါင်း ၄၃ နိုင်ငံက နာမည်ကျော်အနုပညာရှင်ပေါင်းများစွာကို ရွေးချယ်ပြီးမှထွက်ပေါ်လာတဲ့ရလဒ်တစ်ခုဖြစ်ပါတယ်။
ဒီနေ့ ဇွန်လ ၁၉ ရက်နေ့မှာတော့ Jin ဟာ သိပ္ပံနည်းအရ အပြီးပြည့်စုံဆုံးသောမျက်နှာပိုင်ရှင်အဖြစ် ရွေးချယ်ခံလိုက်ရပြီဖြစ်ကြောင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး သူ့ရဲ့မျက်နှာတည်ဆောက်ပုံဟာ Golden Ratio အရဆိုရင် ပြီးပြည့်စုံလုနီးပါးရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ပါးစပ်၊ မျက်လုံး၊ မေးစေ့နဲ့ နဖူးတို့ရဲ့ပုံစံဟာလည်း အချိုးတကျရှိလွန်းလှတယ်လို့လည်း ဆိုထားပါသေးတယ်။
အမျိုးသမီးတွေထဲမှာဆိုရင်တော့ အမေရိကန်မင်းသမီး Anne Hathaway က တစ်ကမ္ဘာလုံးမှာ အပြီးပြည့်စုံဆုံးသောမျက်နှာပိုင်ရှင်အဖြစ် ရွေးချယ်ခံထားရပြီး သူမရဲ့မျက်နှာတည်ဆောက်ပုံနဲ့ အစိတ်အပိုင်းတစ်ခုချင်းစီဟာဆိုရင်လည်း အချိုးကျလွန်းလှတယ်လို့ ဖော်ပြထားပါတယ်။
Ref : KStarLive