သိပ်မကြာခင်မှာ မင်္ဂလာ သတင်းကြားရတော့မယ့် ခင်လေးနွယ်တို့ ချစ်သူနှစ်ဦး

Posted on

အနုပညာ သက်တမ်းကြာမြင့်နေပြီး ဝါရင့်သရုပ်ဆောင်လို့ ဆိုရမယ့် ခင်လေးနွယ်တစ်ယောက် အပျိုကြီးဘဝကို စွှန့်လွှတ်ဖို့ အစီအစဉ်တွေချနေပြီဖြစ်ကြောင်း ပရိသတ်ကြီး သိအောင်ဖော်ပြပေးလိုက်ပါတယ်။

ခင်လေးနွယ်က “ဟုတ်ကဲ့ရှင့် အခုကတော့ တစ်ယောက်ထဲမဟုတ်တော့ပါဘူး။ စွံသွားပြီလို့ပြောလို့ရပါတယ်။ နောက်တစ်လနှစ်လလောက်နေရင် အားလုံးသိရမှာပါ။ ပရိသတ်ကြီးရှေ့မှာ ထုတ်ပြတဲ့အခါ သိချင်တာအားလုံး သူ့ကို မေးလို့ရပါတယ်လို့လည်း ခင်လေးနွယ်ကပြောပါတယ်။ အသက်အရွယ်အရလည်း စဉ်းစားရမယ့်အရွယ်ရောက်နေပြီဆိုတော့ သေသေချာချာလေး တိုင်ပင်ပြီးရင်အားလုံးကို ပြောပြပါမယ်။

သူမကတစ်ယောက်ထဲနေရတာကို နှစ်သက်သူတစ်ဦးဖြစ်ပြီး အိမ်ထောင်ပြုဖို့စဉ်းစားမယ်ဆိုရင် ငါဖြစ်ပါ့မလား ဆိုပြီးတော့ ကိုယ့်ကိုကိုယ်ပြန်မေးဖြစ်တယ်လို့လည်းဆိုပါတယ်။ မိသားစုကိုလည်း ချစ်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်လက်တွဲဖော်က ကိုယ့်မိသားစုကို ချစ်နိုင်တဲ့သူ ဖြစ်မှလည်း အဆင်ပြေမှာပါ။ မိသားစုကတော့ ပြန်ကြည့်ရမယ်လို့ပြောထားတာမရှိဘူး။ အမကိုယ်တိုင်က ကိုယ့်အသိကိုယ်ကြည့်တာ။ အိမ်ထောင်ပြုမယ့်အရွယ်မှာ စီးပွားရှာနေတော့ အခုဆိုရင် အိမ်ထောင်ပြုဖို့ အသက်အရွယ်တောင် နည်းနည်း လွန်နေပြီလို့ပြောလို့ရတယ်။ အရင်ကတော့ အိမ်ထောင်ပြုဖို့ကို စိတ်ထဲမရှိပေမယ့် အခုက ပြုသင့်တဲ့အရွယ်လည်းရောက်နေပြီဆိုတော့ စဉ်းစားနေတဲ့အချိန်ဖြစ်ပါတယ်။

အရင်ကလည်း ရည်းစားထားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီလောက်လေးလေးနက်နက်ကြီး မဟုတ်ဘူးလေ။ မိသားစုကိုအရမ်းချစ်တယ်၊ ခရီးသွားရတာ အရမ်းကြိုက်တယ် အဲ့ဒါတွေကိုသည်းခံနိုင်မလားဆိုတာ ကြည့်ရဦးမယ်။ ကိုယ့်ကိုနားလည်ပေးနိုင်တဲ့သူဖြစ်မှလည်း အဆင်ပြေမှာဆိုတော့ သေချာတော့ လေ့လာနေပါတယ်။

တစ်ချို့သူငယ်ချင်းတွေကလည်း နင်မယူနဲ့ တစ်ယောက်ထဲနေ။ အိမ်ထောင်ပြုတယ်ဆိုတာ အပူရှာတာ။ ကိုယ့်ဘာသာ တစ်ယောက်ထဲအေဆေးနေလို့ပြောကြတယ်။ ကျန်တဲ့ သူငယ်ချင်းတွေကလည်း နင်ဒီ မိသားစုဝန်တွေကို တစ်ယောက်ထဲ ထမ်းနေရတာ ကြာရင်အဆင်မပြေဘူး။ ကူဖော်လောင်ဖတ်လေး တစ်ယောက်လောက်တော့ရှာလို့လည်း အကြံပေးကြပါတယ်။ ပရိသတ်ကြီးလည်း ဝိုင်းကူစဉ်းစားပေးပါဦးလို့ သူမကအကူအညီတောင်းခဲ့ပါသေးတယ်။

အနုပညာအလုပ်တွေ ဆက်မလုပ်ဖြစ်ပေမယ့် အားပေးနေသေးတဲ့ပရိသတ်ကြီးကို အရမ်းချစ်ပါတယ်။ အနုပညာနဲ့ပတ်သတ်ပြီး လုပ်တဲ့ စီးပွားရေးတွေကိုလည်း ဝိုင်းပြီး အကြံပေးကြတဲ့ သူတွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်လို့” သူမက ပြောသွားခဲ့ပါတယ်။

Source-ဟီးဟီးဟားဟား

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.