သားဖြစ်သူကွာရှင်းတဲ့ သတင်းကြားပြီး ရှော့ခ်ရကာအိမ်ထဲကမထွက်နိုင်ဖြစ်ခဲ့တဲ့ ဆောင်းဂျွန်ကီ ဖခင်

Posted on

တောင်ကိုးရီးယားနိုင်ငံ တော့ပ်စတားစုံတွဲ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟယ်ကျိုတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲတော့မည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပါတယ်။

 

 

လူအများ အားကျချစ်ခင်ရတဲ့ Song စုံတွဲဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀၁၈ မှာကတည်းက အတူနေဖို့ ဝယ်ယူထားတဲ့ Itaewon က အိမ်မှာ မနေဖြစ်ကြတော့တာဖြစ်ပါတယ်။ ဒီကြားကာလတွေမှာ Song စုံတွဲကြား ဒီလိုအဖြစ်အပျက်မျိုးတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာ မိဘဆွေမျိုး အသိုင်းအဝိုင်းတွေ သိခဲ့ဟန် မပေါ်ပါဘူး။

Song စုံတွဲကွာရှင်းမယ့် သတင်းကို ကြားကြားချင်း ဆောင်းဂျွန်ကီရဲ့ ဖခင်ဘယ်လို ရှော့ခ်ရသွားခဲ့တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

 

 

ဆောင်းဂျွန်ကီဖခင်ဟာ လတ်တလော သားဖြစ်သူ ကွာရှင်းပြတ်စဲတဲ့ သတင်းကြားပြီး နေအိမ်မှ ထွက်ဆိုဖို့ ငြင်းဆိုနေကြောင်း သိရှိရပါတယ်။

တစ်ဖန် ဆောင်းဂျွန်ကီရဲ့ ဖခင်ဟာ သားဖြစ်သူ ကွာရှင်းတာနဲ့ ပတ်သတ်ပြီး အံ့သြမိကြောင်း၊ သူ့အနေနဲ့ Song Song စုံတွဲတို့ကြား ဒီလို အဖြစ်အပျက်တွေရှိခဲ့တယ်ဆိုတာ အခုမှသိရတာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။

 

 

ဒီမတိုင်ခင်မှာ ဆောင်းဂျွန်ကီရဲ့ ဖခင်ဟာ ချွေးမဖြစ်သူ ဆောင်းဟယ်ကျိုရဲ့ ဒရာမာဇာတ်လမ်းတွဲ Encounter ကို အားပေးဖို့ သူငယ်ချင်းတွေကို message ပို့ခဲ့ကြောင်း သိရှိရပါတယ်။

ဒီအကြောင်းအရာတွေကို ဆောင်းဂျွန်ကီဖခင်ရဲ့ သူငယ်ချင်းများက ပြောပြခဲ့တာဖြစ်ပြီး လင်မယားကွာရှင်းတဲ့ သတင်းကြားကတည်းက အိမ်ထဲက အိမ်ပြင် မထွက်တော့သလို ဖုန်းဆက်တာကိုတောင် ပြန်လည်ဖြေကြားခြင်းမျိုးမရှိကြောင်း ပြောပြသွားခဲ့ပါတယ်။

 

 

တစ်ဖန်ဆောင်းဂျွန်ကီရဲ့ ဖခင်ဟာ နေအိမ်မှာ ချိတ်ထားတဲ့ ဆောင်းဟယ်ကျိုရဲ့ ဓာတ်ပုံများကို ဖြုတ်ပစ်ခဲ့တယ်လို့သိရပါတယ်။ ချွေးမနဲ့ သားကို ချစ်မြတ်နိုးတဲ့ ဖခင်တစ်ဦးအနေနဲ့ ခံစားရမှာ အမှန်ပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.