သားလေး Liam အိပ်နေတာကိုကြည့်ပြီးချစ်မဝဖြစ်နေတဲ့ ယွန်းဝတီလွင်မိုးရဲ့ ချစ်စရာ Video လေး

Posted on

ခေးလေးယွန်းဝတီလွင်မိုးကတော့ ငယ်စဉ်တည်းကစပြီး ယနေ့ချိန်ထိ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိထားသူလေးပါ။ သူမရဲ့အပြုံးလေးတွေဟာလည်း ပရိသတ်တွေကို အေးချမ်းစေတာပဲ ဖြစ်ပါတယ်။ ခေးလေးဟာ ခင်ပွန်းနဲ့ သားလေး Liam လေးနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတာပါ။

အသက်ငယ်ငယ်လေးနဲ့အိမ်ထောင်ပြုခဲ့သဖြင့် ပရိသတ်တွေကနှမျောခဲ့ကြသော်လည်း သားလေး Liam လေးမွေးပြီးချိန်မှာတော့ ပရိသတ်တွေက သားလေးကို တစ်နေ့ထက်တစ်နေ့ပိုပိုပြီးချစ်ခင်လာကြတာပါ။ သားလေးဟာလည်း ချစ်မွေးပါသူတစ်ယောက်ပဲဖြစ်တာကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင်များကပါ ချစ်မဝဖြစ်နေကြတာပါ။ ဒါ့အပြင် ဖိုးဖိုး၊ဖွားဖွားတွေရဲ့အသည်းကျော်လေးဖြစ်နေတာပါ။

ခေးလေးဟာတော့ ခင်ပွန်းသည်နဲ့အတူ ရန်ကုန်မြို့ကိုခေတ္တရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သားလေးဟာလည်း ဖေဖေ၊မေမေတို့နဲ့ခွဲခွာနေရတာကြာပြီဖြစ်တဲ့အတွက် အရမ်းကိုပျော်ရွှင်နေတာပါ။ အခုတစ်ခေါက်မှာလည်း မေမေလက်ပေါ်မှာ အိပ်မောကျနေတဲ့သားလေး Liam လေးကိုကြည့်ပြီးကြည်နူးပီတီဖြစ်နေတဲ့ ဗီဒီယိုလေးကို တင်ထားတာပဲဖြစ်ပြီး ပရိသတ်တွေပါကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source- Yunwaddy

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.