သားလေးနဲ့ ဆော့နေတုန်း ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ရတဲ့ မင်းရာဇာ

Posted on

မင်းရာဇာကတော့ အနုပညာရှင်တွေ ဈေးကွက်ပျက်နေပေမယ့် အခုအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူဖြစ်ပါတယ်။ မင်းရာဇာကတော့ အက်ရှင်ဇာတ်လမ်းတွေကို ပီပြင်စွာသရုပ်ဆောင်နိင်သူဖြစ်ပြီး ကြမ်းကြမ်းရမ်းရမ်း အက်ရှင်တွေကို သဘောကျနှစ်သက်သူတစ်ယောက်ပါ ။

သားတစ်ယောက်၊ သမီးတစ်ယောက်ရဲ့ဖခင်ဖြစ်တဲ့ မင်းရာဇာက မိသားစုရဲ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နေတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ရှုတင်နားချိန် သားငယ်လေးနဲ့ ဆော့နေတုန်း မင်းရာဇာတစ်ယောက် ငိုအားထက်ရယ်အားသန်ဖြစ်ခဲ့ရပါတယ်။

မင်းရာဇာက “ဖေဖေကချစ်လို့အမြင့်ကိုတင်တယ် အမြင့်ရောက်တော့ဖအေမျက်နှာကို သေးနဲ့ပန်းတယ် ပါးစပ်ထဲပါဝင်တယ်အေးပါသားရယ်မင်းစိတ်တိုင်းကြပါကွာ” လို့ သူ့အဖြစ်ကို ရေးသားထားတာကိုတွေ့ရပါတယ်။ သိစေချင် ပရိသတ်တွေထဲမှာ မင်းရာဇာလို ဖေဖေတွေရှိခဲ့ရင် မှတ်ချက်ပေးခဲ့ကြပါဦး။

Source – Min Yar Zar
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.