သားချောလေး KoeKoe ရဲ့ လှုပ်ရှားမှုတွေကိုကြည့်ပြီး အသည်းတွေယားနေတဲ့ ဖေဖေအောင်သူ

Posted on

မြန်မာ့လက်ရွေးစင်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အောင်သူဟာ လက်ရှိ ထိုင်းနိုင်ငံက လိဂ်တစ်ခုမှာ ဝင်ရောက်ကစားနေတာဖြစ်ပါတယ်။ မတ်လ (၂၃) ရက်နေ့က လက်ထပ်ထိမ်းမြားပွဲကို ကျင်းပပြုလုပ်ခဲ့တဲ့ အောင်သူဟာ ဇနီးသည်နဲ့အတူ ထိုင်းနိုင်ငံမှာ သွားရောက်နေထိုင်နေခဲ့တာဖြစ်ပါတယ်။ ဖခင်ဖြစ်သွားပြီဆိုတဲ့ အောင်သူရဲ့ သတင်းဟာလည်း ပရိသတ်တွေကို အတော်လေး အံ့အားသင့်စေခဲ့ပါတယ်။

အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ အချစ်ရေးဟာ LDRS အဖြစ်နဲ့ပဲ လက်တွဲယုံကြည်ပြီး ချစ်ခဲ့ကြတာဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အသက်မွေးဝမ်းကြောင်းရာပတ်ဝန်းကျင်ချင်း မတူညီကြပေမယ့် နားလည်မှုတွေနဲ့ ရှေ့ဆက်ချစ်ခဲ့ကြတာ အခုဆိုရင်တော့ သားဦးလေး ဂျူနီယာအောင်သူကိုတောင် ပိုင်ဆိုင်ရရှိနေပြီဖြစ်ပါတယ်။

ဇူလိုင်လ (၂၀) ရက်နေ့က သားလေးကို ထိုင်းနိုင်ငံမှာ အောင်မြင်စွာမွေးဖွားခဲ့တဲ့ ဇနီးသည်ကိုလည်း အောင်သူက ကျေးဇူးတင်စကားဆိုထားပါသေးတယ်။ အဲ့ဒီနေ့ကတော့ သူ့အတွက် ပြောမပြတတ်အောင် ဝမ်းသာပီတိဖြစ်ခဲ့ရတဲ့နေ့ဆိုလည်း မမှားပါဘူး။ အောင်သူကတော့ သူနဲ့တူတဲ့ သားလေးတစ်ယောက်ကို အခုချိန်မှာ ပိုင်ဆိုင်ထားရပြီဖြစ်ပါတယ်။

တနေ့ထက်တနေ့ ကြီးပြင်းလာတဲ့ သားလေးရဲ့ လှုပ်ရှားမှုလေးတွေဟာလည်း ဖခင်တစ်ယောက်အတွက် ချစ်မဝတဲ့အပြုအမူတွေပါပဲ။ ဖေဖေအောင်သူတစ်ယောက်ကတော့ ဂျူနီယာအောင်သူရဲ့ လှုပ်ရှားမှုလေးတွေကိုကြည့်ပြီး ပီတိတွေဖြစ်နေသလားဆိုတာကိုမေးစရာတောင်မလိုပါဘူး။ ဒီနေ့မှာပဲ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာထက်ကနေ ဇနီးသည်နဲ့သားလေးရဲ့ လှုပ်ရှားမှု ဗီဒီယိုအတိုလေးကို မျှဝေလာခဲ့တာဖြစ်ပါတယ်။

ဒီဗီဒီယိုလေးကိုလည်း ပရိသတ်ကြီးပါ ကြည့်ရှုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်။

ခရက်ဒစ် We Love Cele

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.