နိုင်ငံကျော် ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အောင်သူကတော့ သားဦးလေးကို ဒီနေ့မှာ မေမေ ပိုးအိအိခန့်က မွေးဖွားပေးလိုက်ပြီလို့သတင်းရရှိပါတယ်။
မြောက်တောင်အသင်းထရိန်နင်မှာ ဘရာဇီးနည်းပြကြီးနဲ့အသင်းဖော်တွေက ဖေဖေ အောင်သူကို ဂုဏ်ပြုခဲ့ကြပါတယ်။အောင်သူနဲ့ သရုပ်ဆောင် ပိုးအိအိခန့်တို့ဟာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က မင်္ဂလာဆောင်ထားတာဖြစ်ပါတယ်။
မြောက်တောင်အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ အောင်သူအတွက်တော့ မင်္ဂလာသတင်းဖြစ်ပြီး ပွဲထွက်ခွင့်ရဖို့ ကြိုးစားနေတာဘဲဖြစ်ပါတယ်။ Jonior AT လေးလဲ အဖေထက်သာတဲ့ ကမ္ဘာကျော်ဘောလုံးသမား သားသားလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source – ballmyanmar