သားသမီးတွေအနားမှာမရှိတုန်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း Ro နေကြတဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံ

Posted on

ပရိသတ်တွေချစ်ကြတဲ့ မင်းသားချော ပိုင်ဇေရဲထွန်းကတော့ တစ်ချိန်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တစ်ယောက်အဖြစ် မိန်းကလေးတွေကြားမှာ ရေပန်းစားခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းက အောင်မြင်နေဆဲအချိန်မှာပဲ အိမ်ထောင်ပြုခဲ့ပြီး နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ ပုံမှန် လုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ပိုင်ဇေရဲထွန်းအပြင် သူ့ရဲ့ မိသားစုလေးကိုပါ ချစ်ခင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

အိမ်ထောင်သက် (၁၅) နှစ်အတွင်းမှာ သားသမီးသုံးယောက် ထွန်းကားခဲ့ပြီဖြစ်တဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံက လက်ရှိမှာတော့ ပြင်ဦးလွင်မြို့ကို မိသားစုတွေ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူတူ အလည်အပတ် ရောက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံကတော့ မိသားစုခရီးထွက်လာခဲ့တယ်ဆိုပေမယ့် သားသမီးတွေအနားမှာမရှိတုန်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း “အကြင်နာအကြည့်တွေရဲ့အကြောင်း😍😍😍” ဆိုပြီး Ro နေကြတာကို တွေ့ရပါတယ်။

ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံကတော့ ကလေးသုံးယောက် ဖေဖေနဲ့ မေမေဖြစ်ပေမယ့် နုပျိုပြီး လူငယ်လေးတွေအတိုင်းပဲနော်။ ပရိသတ်ကြီးလည်း ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံရဲ့ ပုံရိပ်တွေကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Paing Zay Ye Tun’s fb
zawgyi




Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.