သရဲကြောက်တတ်လို့ သရဲကားရိုက်တာနည်းတယ်လို့ဆိုတဲ့ မြင့်မြတ်

Posted on

မြင့်မြတ်ဟာ အနုပညာလောကထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာကတည်းက အောင်မြင်ကျော်ကြားလာခဲ့သူဖြစ်ပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေဝိုင်းအားပေးရတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့်သဘာဝမင်းသားတစ်လက်လို့ တင်စားခံရတဲ့မြင့်မြတ်က ချစ်ဇနီးနဲ့ သားဦးလေး ဂျင်းကောင်လေးနဲ့ပျော်ရွှင်သာယာတဲ့မိသားစုလေးပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ မြင့်မြတ်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေနဲ့ တစ္ဆေများနဲ့ပျော်မြူးခြင်းဇာတ်ကားကြီးနဲ့ပတ်သက်ပြီးပြောပြသွားပါတယ်။

တစ္ဆေများနဲ့ပျော်မြူးခြင်းဇာတ်ကားကြီးမှာပါဝင်ထားတာကို မြင့်မြတ်က “ဒီကားက Lucky Seven Production ကရိုက်တာလေ။ ဇာတ်ကာတော့သရဲကားပေါ့။ ကျွန်တော်သရဲကားရိုက်တာနည်းတယ်။ ဇာတ်လေးကလည်းကောင်းတယ်။ နောက်ပြီးတော့ ဒီကားရိုက်တဲ့ဒါရိုက်တာကလည်း ဒါ မလေးရှားက ဒါရိုက်တာပေါ့နော်။ နောက်ပြီးတော့ crew။ တစ်ဖွဲ့လုံးနီးပါးပါပဲ မလေးရှားက အဖွဲ့သားတွေရိုက်ကြတာ”လို့ ပြောထားပါတယ်။

အဲဒီဇာတ်ကားထဲက ကာရိုက်တာအကြောင်းကိုတော့ မြင့်မြတ်က “ကာရိုက်တာကတော့ လူလိမ်ပေါ့။ လိမ်စားတယ်။ သရဲတွေမတွေ့ရပဲနဲ့လည်းတွေ့ရတယိဆိုပြီး လိမ်ပြီးတော့ဖိန့်ဖိန့်နဲ့ပေါ့။ သူက Horror လည်းပါတယ်။ Comedy လည်းပါတယ်။ Drama လေးတွေတောင် ပါးပါးပါသေးတယ်။ အတွေ့အကြုံကတော့ ဒီမလေးဒါရိုက်တာနဲ့ဆိုရင် ဒီကားက ပထမဆုံးကား။အဲဒီတုန်းကတော့ ဘာသာစကားအခက်အခဲလေးတော့နည်းနည်းပါးပါးရှိတာပေါ့။ ဒါပေမယ့်စကားပြန်ရှိတယ်။ သူဘာလိုချင်လဲဆိုတာကို သတိထားပြီးတော့ လုပ်ရတာပေါ့။ အဲလိုမျိုးလေးတော့ရှိတယ်”လို့ ပြောပြထားပါတယ်။

သရဲကြောက်တတ်လို့သရဲကားတွေသိပ်မရိုက်ဖြစ်ဘူးလို့လည်း မြင့်မြတ်က “နည်းတာပါ။ ကျွန်တော်တို့အဲ့လိုဇာတ်က ရိုက်ဖြစ်တဲ့ဇာတ်တွေကိုက Horror ကားနည်းနေလို့ပါ။ သရဲကြောက်တာက ကြောက်တာတစ်ပိုင်းပေါ့။ ပရလောကနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေတော့မရှိပါဘူး။ ရှိလည်းမရှိချင်ဘူး။ ငယ်ငယ်လေးကတည်းကလည်း သရဲကားတွေဘာတွေဆိုရင်သိပ်မကြည့်ဘူး။ အဓိကကတော့ ကြောက်လို့ပေါ့”လို့ ရယ်မောရင်းဖြေကြားထားပါတယ်။

မိုးအောင်ရင်နဲ့ရုပ်ရှင်အတူရိုက်ကူးဖို့ရှိတာကိုလည်း မြင့်မြတ်က “ဇာတ်ကားပေါ်မှာပဲ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်က တိုင်တိုင်ပင်ပင်နဲ့ တစ်ယောက်ကိုတစ်ယောက်ဖေးဖေးမမနဲ့ပဲသွားကြမှာပေါ့။ ဇာတ်တောင်မှ ကျွန်တော်အကြမ်းဖျဉ်းလောက်ပဲ သိရသေးတာ။ သေချာတာတော့ ဒီကောင်နဲ့ကျွန်တော်နဲ့ရည်းစားလုရဦးမှာ”လို့ ပြောပြထားပါတယ်။

Can’t wait to say

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.