သရုပ်ဆောင် ကောင်းလွန်းလို့ ပြည်တွင်းပြည်ပ နိုင်ငံများအထိ နာမည်ကြီးနေတဲ့ ထိုင်းကလေးလေးများ

အလွန်အမင်း သရုပ်ဆောင်ကောင်းတဲ့ ထိုင်းကလေးသရုပ်ဆောင် (၃) ဦးဟာ လက်ရှိမှာတော့ တီဗီဒရမ်မာဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ အရမ်းချစ်ဖို့ကောင်းပြီး သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ပရိသတ်များစွာက ချစ်ခင်အားပေးခဲ့ကြပါတယ်။

 

၁။ Nong Mac Nattapat

Photo : Thai Update

Nong Mac လေးက နာမည်ကြီး တီဗီဒရမ်မာဇာတ်ကားဖြစ်တဲ့ ‘Thong Nuea Kao’ ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ပြီးနောက် ပရိသတ်များစွာရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ ‘Touchdown Kiss’၊  ‘Nee Ruk Nai Krung Fai’၊ ‘Aruna 2019’၊ ‘Sleepless Society: Bedtime Wishes’၊ ‘He’s Coming to Me’ နဲ့ ‘Huajai Sila’ စတဲ့ တီဗီဒရမ်မာများစွာမှာ ပါဝင်သရုပ်ဆောင်လာရတဲ့ နာမည်ကျော် ကလေးသရုပ်ဆောင်လေး ဖြစ်ပါတယ်။

 

၂။ Nong Unda

Photo : Thai Update

Nong Unda ကတော့ နိုင်ငံကျော် မင်းသားမင်းသမီးများဖြစ်တဲ့ James Ma နဲ့ Yaya Urassaya တို့ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ ‘Klin Ka Salong’ တီဗီဒရမ်မာ ဇာတ်ကားအသစ်မှာ သူမရဲ့သရုပ်ဆောင်စွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။

 

၃။ Nong Inter Rungrada

Photo : sne9

Inter Rungrada လေးကတော့ လက်ရှိ mntv မှာ ထုတ်လွှင့်ပြသနေတဲ့ ‘ချစ်ခြင်းရဲ့နောက်ကွယ်’ ထိုင်းဇာတ်လမ်းတွဲထဲမှာ ‘နုဒါး’ အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ချစ်စရာကောင်းတဲ့ ကလေးလေးဖြစ်ပါတယ်။ Inter Rungrada က လက်ရှိမှာတော့ နာမည်ကျော်ကြားနေတဲ့ ကလေးသရုပ်ဆောင်လေး ဖြစ်ပါတယ်။

 

Source : Thai Update

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.