“သရုပ်ဆောင်ပိုင်းအပြင် သီချင်းသစ်တွေပါ လုပ်ကိုင်လာသူ မင်းမော်ကွန်းရဲ့ သီချင်းသစ်လေးကြောင့် ပျော်ရွှင်မဆုံးဖြစ်နေတဲ့ ရဲလေး”

Posted on

အဆိုပိုင်းရော သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားသူ အဆိုတော် သရုပ်ဆောင်ရဲလေးကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ရဲလေးက အမိုက်စား သီချင်းများနဲ့ အတူ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့ပြီး သရုပ်ဆောင်ပိုင်းမှာပါ အားပေးချစ်ခင်မှုတွေကိုရရှိခဲ့သူပဲဖြစ်ပါတယ်။

နှင်းဆီ အငြိမ့်အဖွဲ့သားအဖြစ်နဲ့ ပါဝင်ခဲ့ပြီး ဒီနေ့ ဇူလိုင်လ (၅)ရက်နေ့မှာတော့ ရဲလေးက နှင်းဆီအငြိမ့်အဖွဲ့ဝင် မင်းမော်ကွန်းရဲ့ မြေပဲယိုသီချင်း MTVဗီဒီယိုအသစ်လေးကို ပြန်လည်ရှယ်ကာ “ကျွန်တော့်ချစ်ရပါသော နှင်းဆီအစ်ကို တွေထဲက အစ်ကို ရဲ့ သီချင်းလေး ထပ်ထွက်ပြီ…။သရုပ်လည်းဆောင်ပါ သီချင်းလေးတွေလည်းပြန်လုပ် လို့  ပျော်တယ် ကိုကျော်ရေ.။ သူ့ ပရိသတ်တွေအတွက် ပိုပျော်ရပါတယ်…။ နုနိုင်လွန်းသူကြီးပါ ကိုကျော်ရယ် သွားလေးတွေ အပါအဝင်ပေါ့ ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

ရဲလေးကတော့ သီချင်းတွေလည်းဆိုကာ သရုပ်ဆောင်ပိုင်းမှာလည်း တော်ပြီး အမြဲတမ်းနုပျိုကာ ကြည့်ကောင်းနေတဲ့ မင်းမော်ကွန်းအတွက် ဂုဏ်ပြုစကားလေးနဲ့အတူ ပျော်မိတဲ့ ခံစားချက်လေးတွေကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော်.ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း မင်းမော်ကွန်းရဲ့ မြေပဲယို MTV အသစ်ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။

Source: Ye Tun Min’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.