ယူနီကုဒ်ဖြင့်ဖတ်ရန်
စမိုင်းလ်က ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်နဲ့ လက်ထပ်ပြီး ချစ်စရာကောင်းတဲ့ သမီးကြီး ပေါ်ရှာနဲ့ သမီးငယ် ကလိုဝီတို့ကို မွေးဖွားထားတဲ့ မိခင်တစ်ယောက် ဖြစ်ပါတယ်။ စမိုင်းလ်ရဲ့ သမီးတွေကလည်း ရိုးရိုးအေးအေးနဲ့ အနေအထိုင် သိမ်မွေ့တာကြောင့် အများရဲ့ သတိထားမိခြင်းကိုခံရပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ စမိုင်းလ်ကလည်း သူမရဲ့ သမီးတွေကို အကောင်းဆုံး ပြုပြင်ထိန်းကျောင်းနေတာပဲ ဖြစ်ပါတယ်။
စမိုင်းလ်က Covid – 19 ရောဂါကြောင့် အိမ်ထဲမှာ နေနေရချိန် သမီးတွေနဲ့ နီးနီးကပ်ကပ်နေနေလျက်ရှိပါတယ်။ ဒီနေ့မှာလည်း စမိုင်းလ်က သူမရဲ့ သမီးကြီးပေါ်ရှာကို ကလေးလေးလို ရင်ခွင်ထဲထည့်ထားပြီး ကြင်နာနေတာကို တွေ့ရပြန်ပါတယ်။
စမိုင်းလ်တို့ သားအမိနှစ်ယောက်ကတော့ ညီအစ်မတွေလို အရမ်းချစ်စရာကောင်းတာပဲနော်။ စမိုင်းလ်ရဲ့ သမီးကြီး ပေါ်ရှာကလည်း အနုပညာလုပ်ငန်းတွေ အနည်းအကျဉ်းလုပ်ကိုင်နေတာမို့ အားပေးကြဖို့လည်း မမေ့ပါနဲ့နော်။
Source: စမိုင်းလ် Smile’s fb