“သမီးဖြစ်သူ သူမ အားကျရလောက်အောင် ရိုမန့်တစ်ဆန်လွန်းကြသူ အဖေနဲ့ အမေတို့ကြောင့် နေစရာမရှိလောက်အောင် အားကျသိမ်ငယ်နေရပါပြီဆိုတဲ့ နီလန်း”

Posted on

ပရိသတ်ကြီးရေ Beauty Blogger အဆိုတော်မလေး နီလန်းကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ပရိသတ်ကြီးလည်းချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ နီလန်းကတော့ Myanmar Idol Season (3)မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှု အပြည့်ရခဲ့သူပဲဖြစ်ပါတယ်.။ ပြိုင်ပွဲမှာ မပြိုင်ခင်အချိန်မှာတည်းက Blogger တစ်ယောက်အနေနဲ့ ရပ်တည်နေသူတစ်ယောက်ဆိုလည်း မမှားပါဘူးနော်.။

အားပေးမှု တွေနဲ့အတူ အနုပညာအလုပ်တွေအပြင် သူမရဲ့ Beauty Blogger တစ်ယောက်အနေနဲ့ပါ အလုပ်တွေကို မနားမနေ လုပ်ကိုင်နေသူပါ.။ နီလန်းကတော့ အလုပ်လေးတွေ အားပြီး နားရတဲ့ အချိန်လေးမှာ မိခင်ဖြစ်သူအတွက် အချိန်ပေးဖြစ်ပြီး စက်တင်ဘာလ (၁၅)ရက်နေ့မှာတော့ သူမရဲ့ Makeup လက်စွမ်းပြမှုတွေနဲ့ အတူ လှနေတဲ့ မိခင်ဖြစ်သူရဲ့ ပုံလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါသေးတယ်.။ သူမရဲ့ My Dayမှာလည်း Makeup လက်စွမ်းပြမှုလေးတွေနဲ့ ချောမောလှပနေတဲ့ မိခင်ဖြစ်သူကို ကြည့်မဝဖြစ်ကာ သဘောကျမဆုံးဖြစ်နေသူ အဖေတို့ရဲ့ Video Call ပုံလေးတွေကို “မေမေ Makeup ပြင်ပေးထာတာကို ဖေဖေက ကြည့်မဝဘူးဖြစ်နေတယ်.။ နောက်တစ်ခေါက် ပြန်ပြီး လက်ထပ်ရအောင်တဲ့ …အား Ro လိုက်ကြတာ.။ အားကျနေပါပြီနော်…” ဆိုပြီး သူမရဲ့ My Day မှာ တင်လာခဲ့ပါတယ်.။

အချစ်ရေးမှာ တစ်ယောက်တည်းဖြစ်နေပြီး ထာဝရခွဲခွာသွားသူ ချစ်သူကို သတိရရင်း မိသားစုနဲ့ ပရိသတ်တွေအတွက်သာ အလုပ်တွေကို ဖိလုပ်နေသူ နီလန်းတစ်ယောက်တော့ ရိုမန့်တစ်ဆန်လွန်းတဲ့ မိဘတွေကြောင့် အားကျမဆုံးဖြစ်နေရတဲ့ပုံပါပဲနော်..ပရိသတ်ကြီး.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Source: Nilen’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.