သမီးဖြစ်သူကို ကောလိပ်ကျောင်းပို့နိုင်ဖို့အတွက် တံမြက်စည်းအချောင်း ၂၀၀၀၀ ပြုလုပ်ခဲ့တဲ့ Single mother

တရုတ်နိုင်ငံမြောက်ပိုင်းက အသက် ၅၅ နှစ်အရွယ်ရှိတဲ့ Li Yaomei ဆိုတဲ့ Single Mom တစ်ဦးဟာ သူမကလေးရဲ့ ပညာရေးအတွက် အင်တာနက်ပေါ်က လူတွေရဲ့နှလုံးသားကိုဆို့နင့်သွားစေတဲ့ အလုပ်မျိုးကို ဇွဲရှိရှိနဲ့ ပြုလုပ်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

သူမဟာ သမီးဖြစ်သူကို ကောလိပ်ပို့နိုင်ဖို့အတွက်နဲ့ သူမရဲ့ဆေးကုသစရိတ်အတွက် သုံးနှစ်အတွင်း တံမြက်စည်းပေါင်း အချောင်း ၂၀၀၀၀ ကျော်ပြုလုပ်ရောင်းချခဲ့ပါတယ် ၂၀၁၃ ခုနှစ်လောက်ကတည်းက သူမမှာအစာအိမ်အကျိတ်ရောဂါဖြစ်ပွားခဲ့ပြီး နှစ်နှစ်ကြာတဲ့အချိန်မှာ မတော်တဆမှုတစ်ခုကြောင့် သူမရဲ့အနာကပိုဆိုးလာခဲ့ပါတယ်။

ဒါ့ကြောင့်သူမမှာ ရွေးချယ်စရာမရှိတော့ပဲ ဆေးကုသစားရိတ်အတွက် ဒေါ်လာ ၃၀၀၀၀ ချေးခဲ့ရပြီး သူမရဲ့အကြွေးကို ပြန်ဆပ်နိုင်ဖို့ သုံးနှစ်အတွင်း တံမြက်စည်း အချောင်း ၂၀၀၀၀ ကျော်ကို ကြိုးစားပြုလုပ်ခဲ့ပါတယ်။

Li ဟာတံမြက်စည်းကျစ်တဲ့အလုပ်ကို သူမခင်ပွန်းနဲ့ကွာရှင်းပြီးနောက်၂၀၀၈ ခုနှစ်ကစတင်လုပ်ကိုင်ခဲ့ပြီး အဲ့ဒီအချိန်ထဲက သူမရဲ့သမီးလေးကို ပြုစုစောင့်ရှောက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့အချိန်တုန်းက သူမရဲ့လက်မှာ အချိန်တိုင်းလိုလို တံမြက်စည်းတွေကို ပွေ့ပိုက်ပြီး လမ်းမမှာလှည့်လည်ရောင်းချခဲ့တာဖြစ်ကြောင်း သူမကဆိုပါတယ်။

သူမရဲ့ အိမ်နီးချင်းပြောပြချက်အရ သူမဟာယောက်ျားတစ်ယောက်လို အလုပ်လုပ်တတ်ပြီး မနက်ခင်း ၅နာရီဆိုရင် သူမတံမြက်စည်းကျစ်နေတာကို နေ့စဉ်တွေ့ရကြောင်းပြောပြပါတယ်။ အဆိုပါအိမ်နီးချင်းဆီကပဲ သူမဆေးဖိုးအတွက် ပိုက်ဆံချေးခဲ့တာဖြစ်ပြီး သူဟာပိုက်ဆံကိစ္စကိုလုံးစိတ်မဝင်စားပဲ
ကျွန်မကိုကူညီပေးခဲ့တဲ့ လူကောင်းတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ပိုက်ဆံကို သေချာပြန်ဆပ်နိုင်ဖို့အတွက် မကျန်းမာတဲ့ကြားက အလုပ်ကြိုးစားခဲ့တာဖြစ်ကြောင်းသူမကဆိုပါတယ်။

သူမရဲ့သမီးကို ကောလိပ်ကျောင်းပို့နိုင်ဖို့အတွက် အရင်ကထက် သူမအလုပ်ပိုလုပ်ဖို့လိုကြောင်း အလုပ်ကြိုးစားနေတဲ့အချိန်မှာ နေမကောင်းဖြစ်ဖို့တောင် မေ့လျော့နေကြောင်းနဲ့ သူမသမီးဘဝကို ပိုပိုပြီးကောင်းလာအောင် ကြိုးစားသွားမှာဖြစ်ကြောင်း မိခင်တစ်ယောက်ရဲ့ ယုံကြည်ချက်ရှိရှိအပြုံးနဲ့အတူ သူမကပြောပြခဲ့ပါတယ်။

Source; Life Style Myanmar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.