သမီးလေး Treasure က မေမေနဲ့လည်း တူပါတယ် ဆိုတဲ့ စန္ဒီမြင့်လွင်

Posted on

အသစ်စက်စက် မေမေကြီး ဖြစ်သွားပြီဖြစ်တဲ့ စန္ဒီမြင့်လွင်က သမီးလေး Treasure ကို ချစ်မ၀ဖြစ်နေပြီး ခင်ပွန်းဖြစ်သူနဲ့ပဲ တူတယ်လို့ ပြောကြတာကြောင့် မေမေနဲ့လည်း တူတယ်ဆိုပြီး သမီးလေးရဲ့ ပုံလေးတွေကို ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ကာ လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့ပါတယ်။

မေမေ ဒီးဒီးရဲ့ သမီးသေးသေးလေးကို Camera effect နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံအချို့ကြောင့် ပရိသတ်များ အတော်လေး သဘောကျသွားပြီး သမီးလေးကို ဘယ်သူနဲ့တူတယ်ဆိုပြီး မှတ်ချက်လေးတွေ ရေးခဲ့ကြပါတယ်။

သမီးလေး Treasure ကို ဇူလိုင်လ (၁၄) ရက်နေ့ ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့ပြီး ဇူလိုင်လ (၂၁) ရက်နေ့က (၁) ပတ်ပြည့်သွားခဲ့ပါတယ်။ စန္ဒီမြင့်လွင်တို့ရဲ့ ပထမဆုံး သမီးလေးဖြစ်သလို မိသားစုရဲ့ အသေးဆုံးလေးဖြစ်လို့ မိသားစုဝင်များနဲ့ တီတီတွေက ၀ိုင်းချစ်နေကြပါတယ်။

တနေ့တခြား ပိုချစ်ဖို့ကောင်းလာတဲ့ သမီးလေး Treasure ရဲ့ပုံရိပ်လေးတွေကို မြင်တွေ့ရတဲ့အတွက် စာဖတ်ပရိသတ်ကြီးလည်း သဘောကျမယ်လို့ ထင်ပါတယ်။ သမီးလေး Treasure နဲ့ မေမေ ဒီးဒီးကို ချစ်ရင် အားပေးစကားလေးတွေ ပြောခဲ့ကြဦးနော်။

Source : Sandy Myint Lwin Fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.