သမီးလေး ဗစ်တိုရီးယားအပေါ် ယုတ်မာရိုင်းစိုင်းစွာ ပြောဆိုရေးသားနေသူ (၂)ဦးကို ထောင်ကျအောင်လုပ်မယ် ဆိုတဲ့ သက္ကမိုးညို

“သူများ သားသမီး အရွယ်မရောက်သေးတဲ့ ကလေး ပုံ ဖြန့်မယ်လို့ ခြိမ်းခြောက်စော်ကားတဲ့ အကောင့်ပါ။

ဟက်ခံရတယ်ဆိုပီး လျောက်ပြောပါတယ်။ အကောင့်အစစ်ကိုလည်း တွေ့ထားပါပြီ

ရအောင်ပုန်းပါ။ ထောင်ထဲ ရအောင်ထည့်မှာပါ” လို့ ဆရာသက္ကမိုးညိုက ပြောပါတယ်

ဒါတွေက သမီးလေးကို မစာမနာ ပြောဆိုထားတာတွေပါ

နောက်ထပ်အဲလို မိုက်ရိုင်းစွာ ပြောဆိုနေသူမှာ သက်ထွဋ်အောင် ဆိုသူဖြစ်ပြီး ပွင့်ဖြူကလို့ သိရပါတယ်။ မကွေး ပညာရေးကောလိပ် PPTT 6/2019 က သင်တန်းသားဖြစ်ပြီး ထောင်မကျကျအောင် စွဲပါ့မယ် လို့ သက္ကမိုးညိုကပြောပါတယ်

“လယ်ဝေးက Moe Ma Kha ဆိုတဲ့ တယောက်ကိုလည်း စွဲမှာပါ၊ ကလေး မိဘတွေ မအားသေးလို့ပါ၊ နစ်နာသူက တိုင်တာ ပိုထိရောက်ပါတယ်” လို့ သက္ကမိုးညိုက ပြောပါတယ်

ပန်ဆယ်လိုကလည်း “ဒီတစ်ကောင့်ပါပဲ။ သေသေချာချာကို မှတ်မိနေပါတယ်။ သမီးလေးပုံတင်တာကို အောက်မှာ မုဒိမ်းကျင့်ခံရမယ့်ရုပ်တဲ့။ မွေးစားအဖေက ကျင့်မှာတို့ ဘာတို့ ရက်ရက်စက်စက် မန့်သွားတယ်။ အဲ့ညက မျက်ရည်တောင် ကျမိတဲ့အထိ ခံစားရတယ်။မိရင်ပြောပါဆရာကျွန်မ တရားစွဲပါမယ်။ပါးလည်း လာရိုက်ပါဦးမယ်။” လို့ ပြော ထားပါတယ်

Source : သက္ကမိုးညို
crd-mmcelestar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.